အခန်း (၃)

140 30 1
                                    

အခန်း ( ၃ )

ထိုအမျိုးသမီးကို မနေ့က ပထမဆုံး အကြိမ် တွေ့စဉ်က သူမသည် သူတို့၏ ဂွမ်းစောင်ကို ပစ်ထုတ်ခဲ့၏။ တာ့ပေါင်သည် သူ၏ အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှက အမှန်ဟူ၍ ကောက်ချက် ချပြီးဖြစ်သည်။ ထိုအမျိုးသမီးက သူတို့ကို ရွံရှာ စက်ဆုပ်စွာ ကြည့်နေပြီး သူတို့ကို မောင်းထုတ်ချင်ခဲ့သည်။ ထိုစဉ်က ဤအမျိုးသမီး အပေါ် တာ့ပေါင်၏ အတွေးများသည် အပြုသဘောနှင့် ဝေးကွာလွန်းနေ၏။ သူက သူမကို သွားမရှုပ်နိုင်လျှင် သွားရှုပ်မှာ မဟုတ်ပေ။ သူ၏ ညီလေး၊ ညီမလေးများ ဘေးကင်းရေး အတွက် သူက အနည်းငယ် ခံလိုက်တာက အဆင်ပြေသည်။

သို့သော် ယနေ့တွင်မူ သူမက သူတို့အပေါ် ရုတ်တရက်ကြီး ကြင်နာလာ၏။ ၎င်းက တာ့ပေါင်ကို ဇဝေဇဝါ ဖြစ်သွားစေသည်။ သူ့အိပ်မက်ထဲရှိ ကောက်ကျစ်‌သော အမျိုးသမီးက သူ့ရှေ့တွင် ရပ်နေသော ဒုတိယ‌ဒေါ်လေးနှင့် တူမတူ သူ မဖော်ထုတ်နိုင်ပေ။ နှစ်ယောက်ကြား ကွာဟချက်က သိသာ ထင်ရှားလွန်းပေ၏။

ချန်ယွမ်သည် အာလူး ဝက်သား ခေါက်ဆွဲ လုပ်ပေးနေ၏။ သူမ ချက်ပြုတ်နေစဉ် စိတ်ထဲ၌ တိကျသော လမ်းညွှန်ချက်ကို လိုက်နာခဲ့သည်။ ပထမ အဆင့်က ဟင်းချက်နည်းအတွက် ပါဝင်ပစ္စည်းများကို သုသေသန ပြုတာဖြစ်သည်။ သူမသည် လိုအပ်သည့် အချက်အလက်များကို ဆွဲထုတ်လိုက်၏။ ဒုတိယအချက်က ညွှန်ကြားချက်များ ရရှိပြီးနောက် စတင် ချက်ပြုတ်တာ ဖြစ်သည်။ သူမက ဓားတစ်ချောင်း ယူပြီး ဝက်သားကို လေးထောင့်တုံးလေးများ ‌တုံးလိုက်၏။ ပြီးနောက် သကြားနှင့် ပဲငံပြာရည်တို့ဖြင့် ဝက်သားကို ထည့်ကြော်လိုက်၏။ သူမ၏ အပြုအမူက သေသပ်ပြီး ကျွမ်းကျင်သည်။

ချက်ပြုတ်ခြင်းသည် ဘဝအိမ်တော်ထိန်း စနစ်အတွက် မရှိမဖြစ် လိုအပ်သော စွမ်းရည်တစ်ခု ဖြစ်၏။ ချန်ယွမ်၏ လက်ထဲတွင် ကမ္ဘာပေါ်ရှိ ပါဝင်ပစ္စည်းတိုင်းက အရသာရှိသော ဟင်းတစ်ခွက်အဖြစ် ပြောင်းလဲနိုင်သည်။ အာ့ပေါင်၊ နျိုနျိုနှင့် တာ့ပေါင်တို့၏ အသက်အရွယ်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ထည့်တွက်ကြည့်ရာ အာ့ပေါင်နှင့် နျိုနျိုက အားအနည်းဆုံး ဖြစ်နေပြီး တာ့ပေါင်ကမူ အနည်းငယ် ပိုကောင်းသော်ငြား အလွန်ပိန်၏။ ရေရှည် အာဟာရ ပြတ်လပ်မှုက လူသားများ၌ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာများ ဖြစ်စေသည်။

၈၀ ခုနှစ်က အိမ်တော်ထိန်းလေးWhere stories live. Discover now