အခန်း (၁)

407 43 2
                                    

အခန်း (၁)

စနစ်ကို အသက်သွင်းပြီးပါပြီ။

စမတ်ကျတဲ့ ယွမ်ယွမ်အိမ်တော်ထိန်းက သင့်ကို အမှုထမ်းဖို့ လာပါပြီ။

စနစ်ရဲ့ အားက ၂% ပဲ ကျန်ပါတော့တယ်။ ချက်ချင်း အားပြန်လည်သွင်းပေးပါ။

အိမ်တွင်းရှိ ဆင်ယင်ထားသော ပရိဘောဂများသည် ရာသီဥတုအခြေအနေများ ပါဝင်‌သော စာရွက်နီပြက္ခဒိန်၊ အဖြူရောင်နှင့်အမည်းရောင်သာ ပါဝင်သော တီဗွီ၊ ထို့နောက် စာအုပ်စင်‌ပေါ်တွင် ရှိနေသော စာအုပ်အနည်းငယ်သာ ပါဝင်ပြီး သိပ်ကိုရိုးရှင်းလွန်းသည်။ အိပ်ရာထက် လဲလျောင်းနေသူမှာ ဗြောင်တီရှပ်နှင့် ဆံပင်ကို ခပ်သာသာထုံးဖွဲ့ထားသော အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်သည်။

အရေးပေါ် သတိပေးသံကို ကြားပြီးနောက်တွင်

သူသည် မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပေသည်။ အမျိုးသမီးလေးမှာ အသက်နှစ်ဆယ်ကျော်အရွယ် ဖြစ်ပြီး မိုးမခသဏ္ဌာန်မျက်ခုံးနှင့် လှပသော ဇာမဏီမျက်ဝန်းလေးများ ရှိပေသည်။

သူ(မ)သည် အလွန်ချစ်စရာကောင်းပြီး အသားအရေမှာ ဖြူဖွေးကြည်စင်၍ မျက်နှာလေးမှာ နူးညံ့သိမ်မွေ့ကာ ရွှန်းလဲ့နေသောမျက်လုံးအောက်တွင်တော့ မှဲ့နီလေးတစ်လုံးရှိပေသည်။

ထူထဲလှသော မျက်တောင်လေးများက အသာအယာလှုပ်ခတ်လာကာ သူ့မျက်ဝန်းလေးများကို ရုတ်ခြည်းဖွင့်လိုက်ပေသည်။ သူ့မျက်ဆံထဲတွင် အပြာရောင်‌အလင်းတန်းလေး တောက်ပလာပြီး သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်ပေသည်။ သူသည် သူ့ခန္ဓာကိုယ်ကို ရိုးစင်းလှသည့် အခြေခံလှုပ်ရှားမှုလေးများ လုပ်မိသော်လည်း ခန္ဓာကိုယ်မှာ ကျင့်သားရပုံမရပေ။

ယွမ်ယွမ်၏ သင်ယူသည့် အရှိန်မှာ အလွန်မြန်လှပေသည်။ ရက်အနည်းငယ်ခန့် ချိန်ဆပြုပြင်အပြီးတွင် မူရင်းပိုင်ရှင်အကြောင်း အချက်အလက်အကုန် သိထားနှင့်ပြီဖြစ်ကာ သူ့ပုံစံ အမူအကျင့်တို့မှာ ၈၀% ၉၀% ခန့် တူလာပေပြီ။ သို့သော် အခုလက်ရှိတွင် တစ်ခုတည်းသော ပြဿနာမှာ စွမ်းအင်ကို မည်သို့ ပြန်ဖြည့်တင်းရမည်နည်း။ လက်ကျန်စွမ်းအင်နှင့်‌‌ဆိုပါက သူသည် ပျက်စီးနေသည့် စက်တစ်ခုလို အိပ်ရာထက်တွင်သာ အိပ်နေရပြီး ဘာမှ လုပ်နိုင်မည်မဟုတ်ပေ။

၈၀ ခုနှစ်က အိမ်တော်ထိန်းလေးWhere stories live. Discover now