Part - 25 ( Uni )

2.6K 181 10
                                    

အပိုင်း - ၂၅

စကားအဆုံးတွင် ကားမှန်တွေကိုတင်လိုက်ပြီးမှ ကိုယ့်နှုတ်ခမ်းပါးတွေဆီ နူးညံ့သောအနမ်းတို့ကျရောက်လာတော့၏။

အနမ်းတို့သည် အေးသည် နွေးသည် ထို့ပြင် အပြည့်အဝရစ်မူးချင်စရာလည်းကောင်းနေလေတော့သည်။

*
*
*
*
*
*
*
*

" ရှေ့တစ်ပတ်ထဲ ကျွန်တော်ပြန်ရတော့မယ် "

ကျောင်းဖွင့်ရာသီပြန်ရောက်တော့မှာမို့ သျှန်းအံ့လည်းပြန်ရဖို့နီးလာလေပြီ။ သံယောဇဉ်အမျှင်တန်းစရာသည် ဒီရေဒီမြေမှာရှိနေသော်လည်း တစ်နှစ်ထဲကျန်နေသည့်ပညာရေးကို လက်လွှတ်လိုက်ဖို့ မဖြစ်နိုင်ချေ။ ပြန်ဖို့အကြောင်းပြောရင် ဦးတစ်ယောက် စိတ်မကောင်းဖြစ်သွားမှာစိုးလို့ ပြောမထွက်သော်လည်း တစ်ပတ်လောက်သာကျန်တော့သည့်အချိန်မှာတော့ မဖြစ်မနေဖွင့်ပြောခဲ့ရလေပြီ။

" လေယာဉ်လက်မှတ် ဘယ်လိုစီစဉ်ထားလဲ။ ကိုယ်စီစဉ်ပေးလိုက်မယ်လေ  "

ကိုယ်က စိတ်မကောင်းဖြစ်နေသော်လည်း ဦအနေနဲ့ လေယာဉ် လက်မှတ်အကြောင်းကိုသာ အရင်ဆုံးပြောလာသည့်အခါ စိတ်ထဲခုသွားရလေသည်။ အလကားလူကြီး။ နည်းနည်းမှကိုချစ်စရာမကောင်းတဲ့သူ။ ချစ်ပေးရတာမတန်တဲ့သူ။ နှလုံးသားအစား ကျောက်ခဲကြီးထည့်ထားတဲ့သူ။ မကျေနပ်စိတ်ဖြင့်
စိတ်ထဲမှ ပယ်ပယ်နယ်နယ် ပြောနေမိတော့၏။

" ကျွန်တော်ပြန်ရမှာကို ဝမ်းသာနေတာများလား ။ အခုချက်ချင်း ပြန်ပေးစေချင်ရင်လဲ အားမနာတမ်းပြောနော် ။ ချက်ချင်းပြန်ပေးမယ် "

အထေ့အငေါ့ဖြင့်စကားနာထိုးမိတော့ ကိုယ့်ပိုင်ဆိုင်ရာကြီးက ပြုံး၍သာနေလေသည်။ ညှပ်ထားသောဆံပင်တိုတိုတို့ကို ဆွဲဖွလာပြီး ကျီစယ်နေပြန်၏။ ဘယ်လောက်ရွဲ့ရွဲ့ ဒင်းကအရီအမောမပျက်ပေ။
ရွဲ့တဲ့သူသာ အသက်ထွက်သွားမယ်မှတ်။

" ကလေး ကျောင်းတက်ဖို့တစ်နှစ်ကျန်နေတာ ကိုယ်သိနေတာပဲကွာ။ အဲတော့ ကျောင်းဖွင့်ခါနီးရင်ပြန်ရမှာပေါ့ ။ ဝမ်းသာနေတာမျိုးမဟုတ်ပေမဲ့ အရမ်းလဲဝမ်းမနည်းဘူး။ အချိန်တန်ရင် ကိုယ့်ကလေးက ကိုယ့်ဆီပြန်လာမှာသိထားတာပဲဟာ။
နောက်ပြီး ကိုယ်လဲသုံးလတစ်ကြိမ်လောက် လာတွေ့နိုင်အောင်ကြိုးစားမယ်လေ"

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now