အပိုင်း -၁၄
" မင်းနားမှာရှိမနေပေးတဲ့ငါ့ကိုမေ့လိုက်ပြီး ရင်ခွင်သစ်မှာပျော်ရွှင်နေရင် သိပ်ကောင်းမှာပဲရှိန်းရယ်။ ငါဆိုတဲ့ကောင်ကမင်းကိုအဝေးကနေပဲငေးပါ့မယ်။ မင်းကတော့ အမြင့်ဆုံးသောဘဝမှာတောက်ပနေပေးပါ"
*
*
*
*
*
*
*
*🚨 တစ်ချို့သောစကားလုံးအသုံးအနှုန်းများအတွက် Warning ကြိုပေးပါသည်။ 🚨
" လင်းမြတ်နဲ့ဖုန်းပြောဖြစ်တယ်။ သူခရီးလွန်နေလို့
သူ့အစားမင်းကိုဂရုစိုက်ပေးပါလို့ ကိုယ့်ကိုမှာထားတယ်။ အဲဒါကြောင့် ဒီရက်ပိုင်းတော့ မင်းနားမှာအချိန်တော်တော်များများရှိနေပေးဖြစ်မယ်ထင်တယ် ။ မင်းစိတ်အနှောက်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ် "ဆေးရုံကိုမနက်စောစောအလုပ်မသွားခင် ဝင်လာပုံရသည့်လူကြောင့်တော့ ရှိန်းအနှောက်အယှက်မဖြစ်မိတော့ပါ။ ဒီရက်ပိုင်းထဲ ကိုယ့်ကိုဂရုစိုက်ပေးနေတာနဲ့တင် အားနာနေမိတာလေ။အလင်းဆီမှတော့ အဆက်အသွယ်မရသေးချေ။ဒီတစ်ခါ ကိုယ့်ကိုအလင်းပစ်ထားတာ အရမ်းကြာနေသလားလို့။
" အလင်း အရမ်းများအလုပ်ရှုပ်နေသလား ။ ကျွန်တော်ဖုန်းဆက်တိုင်းလဲပြန်မခေါ်ဘူးလေ ။ သူအန္တရာယ်ကင်းနေတာတော့သေချာပါတယ်နော် "
ဘာလိုပဲဖြစ်ဖြစ် အလင်းကို လျစ်လျူရှုဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ချေ။
" သူ့အတွက်မစိုးရိမ်လဲရတယ်။ သူဘယ်မှာရှိနေလဲဆိုတာကိုယ်သိထားပြီးပြီဆိုတော့ ကိုယ့်လူတွေကိုသူ့အနားမှာမသိမသာထားပေးထားတယ်။ သူ့အတွက်အန္တရာယ်တစ်ခုခုရှိလာရင်တောင် သူမသိအောင်ကိုယ့်လူတွေ ဖြေရှင်းပေးသွားလိမ့်မယ်"
ကြားရသည့်စကားကြောင့် စိတ်ပူနေတာနည်းနည်းတော့သက်သာသွားရသည်။
" ကျေးဇူးတင်ပါတယ်။ ခင်ဗျားကျေးဇူးတွေကို "
စကားမဆုံးခင်မှာပင် လက်ကာပြလာကာ ကိုယ့်စကားကိုဟန့်တားလာ၏။
" ကျေးဇူးပြန်ဆပ်ခံချင်တဲ့အတွက် မင်းကိုကူညီနေတာမဟုတ်လို့ အဲဒီအတွက်မင်းဝန်ထုတ်ဝန်ပိုးမဖြစ်ရင်ကောင်းမှာပဲ။ မင်းကိုကူညီနေတယ်ဆိုတာက ကိုယ်နဲ့ဘဝချင်းတူတဲ့ကလေးတစ်ယောက်အပေါ် စာနာစိတ်ကြောင့်ပဲ "
YOU ARE READING
Hey ! You Have To Be My Husband ( Completed )
FanfictionMy Husband Hates Me ထဲမှာပါတဲ့ လင်းမြတ်နိုင်နဲ့ရှိန်းခေါင်ယံရဲ့ Fic အသစ်လေးပါ ။