Part.6

540 16 0
                                    

Unicode

''ဒေါက် ဒေါက်''

''ဝင်ခဲ့''

ဂျာကြီးတစ်ယောက်သူ့ရုံးခန်းထဲအမောတကောပြေးဝင်လာပြီးမှ

''ဘော့စ် အပြင်မှာပြဿနာတက်နေပြီ ကျွန်ျတာ်ရှင်းပေးလို့ကိုမရတော့တာ''

ဘာပြဿနာဆိုတာမသိရသေးပေမယ့်သူချက်ချင်းပဲစားပွဲမှထလာလိုက်၏။
လော်ဘီကိုသွားနေတဲ့လမ်းမှာဂျာကြီးက

''အရိပ်နဲ့မေကြည်တို့သန်ရှင်းရေးလုပ်တဲ့အခန်းမှာနေသွားတဲ့ဧည့်သည်တွေကသူတို့လက်စွပ်ကျန်ခဲ့တယ်ဆိုပြီးပြန်လာရှာတာ လက်စွပ်ကသိန်းသုံးရာလောက်တန်တယ်တဲ့ ကျွန်တော်တို့အဲ့အခန်းကိုပြန်ရှာပေးပြီးပြီ ဒါပေမယ့်လက်စွပ်ကမတွေ့ဘူး အရိပ်တို့ကလည်းမတွေ့ဘူးတဲ့ ပြီးတော့မေကြည်ကလည်းနေသိပ်မကောင်းလို့အဲ့အခန်းမှာဆယ်မိနစ်လောက်ပဲသန့်ရှင်းရေးလုပ်ခဲ့တာတဲ့ အရိပ်ပဲအဲ့အခန်းမှာကျန်ခဲ့တာ အခုအဲဒီ့ဧည့်သည်ကအရိပ်နဲမေကြည့်ကိုသူခိုးဆိုပြီးစွပ်စွဲနေတယ် ​သူဌေးကိုခေါ်ပေးချည်းပဲဇွတ်ပြောနေတာ အရိပ်တို့ကိုလည်း ကိုယ်ထိလက်ရောက်ပါကျူးလွန်ချင်နေသေးတာ''

''ဘာ!!''

သူတို့လော်ဘီကိုရောက်သွားတော့

''ဒီမှာ မဟုတ်တာလုပ်တာချင်းအတူတူသိန်းသုံးရာလေးနဲ့နာမည်ပျက်မခံနေဘူး ကျွန်မဘဝကိုပြောင်းလဲပေးနိုင်မယ့်ပမာဏလည်းမဟုတ်ပဲကျွန်မကဘာကိစ္စရှင့်လက်စွပ်အစုတ်ပလုတ်ကိုယူထားရမှာလဲ''

''အောင်မာ သန့်ရှင်းရေးအဆင့်ကများလူပါးဝလို့''

''ဟုတ်တယ် ကျွန်မကသန့်ရှင်းရေးအဆင့်ပဲ အခုအိမ်သာထက်ညစ်ပတ်နေတဲ့ရှင့်ပါးစပ်ကိုသန့်ရှင်းရေးလုပ်ပေးချင်နေတယ်သိလား''

''ဘာ!!''

ထိုအမျိုးသမီးကဒေါသမီးဟုန်းဟုန်းတောက်သွားပြီးမှ

''နင်..နင်''

လေထဲ​မြောက်တက်သွားတဲ့လက်ကြောင့်အရိပ်မျက်လုံးကိုပိတ်လိုက်မိသည်။

''လက်မပါနဲ့လေ''

အသံကြောင့်အရိပ်မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ကုဋေကထိုအမျိုးသမီးရဲ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ထားပေးလိုက်ခြင်းပင်။

ချစ်တယ်ဆိုတာထက်ပို(completed)Where stories live. Discover now