chapter-7

109 23 3
                                    

"Reverse Operation"

ကျောင်းအုပ်ကြီးသည် ချီရှန်းအား အော်ဟစ်ဆံုးမပြီးနောက် ယွီကျိုးကျင်ဘက်လှည့်လာလေသည်။

"ယွီကျိုးကျင် ! မင်းနားကြပ်တေွဖြုတ်ထားရံုနဲ့ လူတေွပြောသမျှကို မသိချင်ယောင်ဆောင်လို့ရပြီမထင်နဲ့!ငါအဆောင်မှုးကိုပြောထားတယ် ။တကယ်လို့မင်းနောက်တစ်ခါ အဆောင်ကိုအချိန်မီမရောက်ရင် အဝင်ခံစရာမလိုဘူးလို့်!"

ယွီကျိုးကျင်သည် တစ်ဖက်လူအားအနည်းငယ်မျှပင် အာရံုစိုက်မနေချေ။တစ်ဖက်လူအား လေကဲ့သို့ပင်သဘောထားကာ အဝေးသို့ပင်လျှောက်သွားလေသည်။

လေးစားသမှုတစ်စိုးတစ်စိမျှပင်မရိှ။

ချီရှန်းနှင့်အခြားသူများလည်းနောက်မှ လိုက်ကြ၏။

"ဖာခ့်၊ ယွီကော က သံမဏိခေါင်းကို နည်းနည်းလေးတောင်မျက်နှာသာ မပေးဘူး။"
"
"အဲ့တာ ယွီကော အဆောင်ကိုဝင်မရတော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးလား?"

"ဘာလို့ဝင်မရရမှာလဲ။ ယွီကောကလည်းဘယ်တုန်းက ဝင်ဖို့ ပုံမှန်တံခါးကို သံုးခဲ့ဖူးတာကျလို့။"

"အဲ့ဒါဆို သူဘယ်လိုဝင်လဲ"

"ပြတင်းပေါက်ကနေလေ"

"..."

ယွီကျိုးကျင်နှင့်သူ၏အဖွဲ့မှာ မြင်ကွင်းမှပျောက်ကွယ်သွားသောအခါ ရှန်ယွမ်လည်း သူ့အကြည့်အားရုတ်သိမ်းလိုက်ပြီး လှေကားမှဆင်းလျက် စူပါမားကတ်ရိှရေဝယ်ခြင်းခရီးအားဆက်လိုက်တော့သည်။

[စနစ်: မင်းမှာ အဲ့လိုကိစ္စတေွကို ဖြေရှင်းဖို့ ညီငယ်လေးတေွရိှလား]

ရှန်ယွမ်သည် ဆိုဒါတစ်ပုလင်းအားဆွဲလိုက်ကာ

"မင်းရဲ့အစ်ကိုကြီးက ကိုယ့်အားကိုယ်ကိုးရတာပိုကြိုက်တယ်"

[System: အဲ့ဒါဆိုရင်လည်း မင်းငါ့ကိုသံုးလည်းမသံုးပဲနဲ့ မင်းအနားနေခွင့်ပေးရတာလဲ]

"မလိုလားသောအရာမှ ကင်းလွတ်သူမည်သူမှျမရိှ။"

[စနစ်: မင်းကိုပေးလိုက်တဲ့ဘယ်တာဝန်ကများ မင်းကိုမလိုလားတာကိုဖြစ်စေနေလို့လဲ]

//Don't Try To Corrupt Me // MM TranslationTahanan ng mga kuwento. Tumuklas ngayon