//Chapter 6 //

84 21 0
                                    

Fame

ပဲ့တင်သံသည် ကောင်းကင်ယံအထိပင် ပျံနှံ့လျက် တောင်နှင့်မြစ်များဆီပါပျံ့နှံ့သွားသလားမှတ်ထင်ရသည်။

နေွညအလယ်တွင် သစ်ပင်ကိုင်းထက်ရိှစာကလေးငှက်တို့အားထိတ်လန့်စေလျက်
သူတို့၏အတောင်ပံများကိုကတိုက်ကရိုက် ခတ်ကာ ညနေခင်းလေညင်းနှင့်အတူ ကသောင်းကနင်းပျံသန်းသွားကြတော့သည်။

ရှန်ယွမ်၏ ဆံပင်များနှင့်အတူ တစ်ကိုယ်လံုးဟာ
လေထုအလယ်တွင် ဖရိုဖရဲဖြစ်လျက်။

'ကျေးဇူးပဲ။အသံချဲ့စက်ရေ'

ရှကျစ်ချီသည် ထိုအခိုက်အနက်၏အပူရိှန်ထဲ၌ နစ်မြုပ်နေဆဲပင်၊ သူသည်ခေါင်းစောင်းလျက် ရှန်ယွမ်အား မျက်စိမိှတ်ပြနေသည်။

'ယူအာဝဲကမ်း၊ ရှန်ကော'

('......'နဲ့ပြောနေတာတေွက စိတ်ထဲဖြစ်နေတာတေွပါနော် )

"...... "

အေးခဲသွားသကဲ့သို့ပင် ရှန်ယွမ်သည်
တောင့်ခဲလျက်ပင် ခေါင်းကိုအနောက်လှည့်ကြည့်လိုက်သည်။

အဲ့ဒီနေရာတွင် ထ၂ကျောင်းမှအုပ်စုသည်
အလွန်ပင် ပြင်းထန်စွာနှင့် ကြောက်ရွ့ံနေကြသည်။သူတို့၏မျက်နှာများသည် ရံှု့တွလျက် အံသွားများကိုလည်း ခြေမွပစ်မတတ်ပင် ကြိတ်ထားကြလေသည်။

အချို့လူများသည် သူတို့၏ပြိုင်ဘက်အားမဖမ်းမိခင်ကပင် ထိုသူများကို မည်သို့သတ်ပစ်မည်ဟုဆံုးဖြတ်ထားကြသည်။

"ရှန်ယွမ်!!!!"

ခေါင်းဆောင်ဖြစ်သည့် ဟွမ်မောင်သည် ဒေါသတကြီးဟိန်းဟောက်လျက် တန်ရာတန်ကြေးအားပြန်ဆပ်စေတော့မည်အတိုင်းပင်။

"နေဦး!"

ဟွမ်မောင်သည် ကျယ်လောင်စွာပင်ပြန်ဆဲလိုက်သည်။

"လီးကိုနေဦးလား!"

ရှန်ယွမ်သည် သူ့ဘောင်းဘီကိုဖုန်ခါလျက် တည်တည်ငြိမ်ငြိမ်ပင်ထလာသည်။

"ငါကဒီချိန်းထားတာကိုတစ်ယောက်တည်းလာပြီးမင်းတို့အကုန်လံုးကို ရင်ဆိုင်မယ်လို့တကယ်ထင်တာလား?"

ရှကျစ်ချီ: ?

'ရှန်ကော၊ ကျွန်တော်လည်းဒီမှာရိှတယ်လေ။'

//Don't Try To Corrupt Me // MM TranslationWhere stories live. Discover now