အခန်း(၂)

385 16 0
                                    

Unicode

" ဤကမ္ဘာ၏နှောင်ကြိုး " (2)

အခန်း_၂(ငါဟာ ငါမဟုတ်ပဲ လေနှင်ရာလွင့်ပါးတဲ့ရော်ရွက်ဝါလေးလိုဘဝ )

" ယိချူး.!
တ..တကယ်လို့များပေါ့နော်
ငါနဲ့ လီကျင်းချန်း ရေထဲပြိုင်တူကျသွားခဲ့ရင်
နင်ဘယ်သူ့ကိုအရင်ကယ်မလဲ "

" သေချာပေါက်နင်ပေါ့
လောင်လီက ရေကူးကျွမ်းတယ် "

" နင်..! ထားပါတော့
တကယ်လို့ ငါနဲ့သူ တပြိုင်နက်ပြန်ပေးဆွဲခံရရင်ရော "

" ရူးနေလား
လောင်လီက နာမည်ကြီးအနုပညာရှင်
သူတစ်ခုခုဖြစ်လို့မရဘူးလေ
နင်ကဘာမို့လို့လဲ ပြန်ပေးဆွဲရအောင်က
နေစမ်းပါဦး နင်ပြောချင်နေတာဘာလဲ
တည့်တည့်ပြောစမ်းပါ
လိုက်ပြီး နှိုင်းယှဉ်မနေနဲ့ ပြော "

" အေးပါ
တစ်နေ့မှာ ငါလဲ နင့်လိုမျိုး
ဒီလို တန်ဖိုးထားရတဲ့အဲ့လိုလူရှိလာခဲ့ရင်
နင့်ကိုမရွေးချယ်တဲ့ ငါ့ကိုစိတ်မဆိုးနဲ့ "

" ဘာလဲ?
နင်ရည်းစားရနေတာလား ဘယ်သူလဲ
အဲ့ကောင်မက "

" မဟုတ် မဟုတ်ပါဘူးဟာ
ငါက သဘောပြောပြတာပါ "

[ ဟားးးး အဲ့တုန်းက အဲ့ဒီစကားပြောကတည်းကရိပ်မိလိုက်ရမှာ
ငါကိုက နလိန်ပိန်တုံးမလို့မရိပ်မိလိုက်တာ
ခုတော့ကောင်းရော ရှက်ဖို့ကောင်းလိုက်တာ ]

" တောက်..!
ယိချူးမှာ ဤနှယ်တောက်ခေါက်လျက်
ငေါက်ကနဲထထိုင်လိုက်ရာ သူမအားစမ်းသပ်နေသော သမားတော်ကြီးမှာ လန့်ဖျပ်သွားလေသည်။

ထိုက်ယန်မင်းသမီးကြီး_" ဟော သူသတိရလာပြီ "

"'မှန်..မှန်ရှိလား မှန်ဘယ်မှာလဲ မှန်ကြည့်ချင်တယ်
ကြေးမုံကိုပြောတာ "

" မော့လီ သခင်မလေးကို မှန်ယူပေးလိုက် "

မှန်ကြည့်ပြီးနောက် တအံ့တဩဖြစ်သွားလျက်
နောက်မှ တဟားဟားအော်ရယ်လိုက်သော ယိချူးအား ရန်ရုံမှ ထိတ်လန့်စွာဖြင့်မေးလိုက်လေသည်။

" ယိချူး နင်ဘာဖြစ်နေတာလဲ "

" ယိချူး..!
ကျွန်မနာမည်က ယိချူးလား "

" ဤကမ္ဘာ၏နှောင်ကြိုး "(Completed)Where stories live. Discover now