"ပူတူးကို ကို ချစ်နေသေးတယ်"
"ငါကတော့ နင့်ကိုမချစ်တော့ပါဘူး"
"မချစ်လဲ ရပါတယ် ကို သိပါတယ်"
"ငါ သွားတော့မယ်"
"ပြောတော့အိမ်မပြန်ဘူး ပြီးတော့ ဒီလောက်မူးနေတာ ဘယ်သွားမလို့လဲ သက်ဖူးရဲ့"
"ဟဲဟဲ ဒီအတိုင်းလျှောက်သွားမလို့"
"ထတောင် မထနိုင်ဘဲနဲ့များ အိမ်ပြန်ရင် ဆူခံရအုံးမှာ ဒီကလေးမတော့"
"အေးဆေးပါ ဟီးဟီး"
(သောက်တာများသွားပြီထင်တယ် သက်ဖူး တော်တော်ကို မူးနေတယ် မျက်လုံးလဲ ဖွင့်လို့တောင်မရတော့ဘူး အခုတောင် ဇွဲထက်ရဲ့ ရင်ဘတ်ကိုမှီထားပြီး စကားပြောနေတာ
ပြီးတော့ သက်ဖူးတွေးမိလိုက်တယ်
ကိုကိုတောင် သူရဲ့ ရည်းစားဟောင်းကို နမ်းခဲ့သေးတာဘဲ ငါလဲ ငါ့ရည်းစားဟောင်းနဲ့အတူတူရှိနေတာ ဘာမှားလို့လဲ)"ပူတူး ညမိုးချုပ်ကြီး အပြင်မှာရှိနေတာ မကောင်းဘူးနော် ပြန်ရအောင် ကိုယ့် အိမ်ကိုဘဲလိုက်ခဲ့နော်"
"နင်ငါ့ကို ဘာမှလုပ်ဖို့ မစဉ်းစားနဲ့နော် ဟွန်း"
"လာပါ ပြန်ရအောင်"
ဒီလိုနဲ့ ဇွဲထက်ရဲ့ အိမ်ကိုသာပြန်လိုက်တယ်
သူက တစ်ယောက်ထဲနေတာများတယ် သူ့အမေနဲ့အဖေက သူ့အတွက် အခန်းတစ်ခန်းဝယ်ပေးထားတာ တစ်ပတ်တစ်ခါလောက်သာ အမေက လာတတ်တယ် ဒီနေ့မနက်ဘဲ ပြန်သွားတယ် ဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိသက်ဖူးကိုကြည့်ရတာလဲ မျက်လုံးကိုဖွင့်နိုင်မယ့်ပုံမပေါ် မျက်နှာလေးကလဲ မူးေနတဲ့ အရှိန်ကြောင့်နီနေပြီး ငိုထားတော့ မျက်လုံးလေးတွေလဲ ဖောင်းလို့
အခန်းထဲထိ တွဲပြီး ကုတင်ပေါ်ကို တင်ပေးလိုက်တယ်"ပူတူး အဲ့တာဆို ဒီမှာဘဲ အိပ်လိုက်တော့နော် ကိုယ် အပြင်မှာ အိပ်လိုက်မယ်"
"ကိုကိုမသွားပါနဲ့"
ဇွဲထက်ရဲ့ လက်ကို ဆွဲထားလိုက်ပြီး
လက်ပင်းကို သိုင်းဖက်ပြီးတော့"ကိုကို အသက့်ကို မထားခဲ့ပါနဲ့"
"သက်ဖူး ကိုက ရဲခန့်မဟုတ်ဘူး"