ဖောက်ပြန်ခြင်း

3.6K 12 0
                                    

ကိုကိုဟာ ကျွန်မ အပေါ်ဆို သိပ်ရက်စက်တယ် ဒီကတော့ ဘဝတစ်ခုလုံး ပေးထားခဲ့ပေမယ့် သူဟာ ကျွန်မ ဘဝကို ယူပြီးသွားတဲ့ နောက်ပိုင်းတွေမှာ အေးစက်လာခဲ့တယ် သူငယ်ချင်းပါဆိုတဲ့ မိန်းကလေးတွေနဲ့ ရောရောပြီးနေတတ်ပါသေးတယ်

ပြီးတော့ ရည်းစားဟောင်းနဲ့လဲ ပြန်ဆက်သွယ်နေတယ်တဲ့လေ

တနေ့ ကျွန်မ Fb ကြည့်နေရင်းတွေ့လိုက်ရတယ် သူ့သူငယ်ချင်းပါလို့ သူ့ကိုယ်သူပြောထားပြီး ကျွန်မကို အကူအညီလိုရင်ပြောနော်ဆိုတဲ့ မိန်းကလေးဟာ သူရဲ့my dayမှာ နေကြာပန်း၂ပွင့် လာပေးထားတာကို  တင်ထားတယ် သိပ်ချစ်တယ် ရဲခန့် တဲ့ ဒီအရာကို မြင်လိုက်ရတဲ့အချိန် ကျွန်မ ခေါင်းထဲမှာ

"ညီမလေး အဆင်မပြေရင် မမ ကိုပြောနော် မမ ရှိတယ်သိလား" ဆိုတဲ့ ကောင်မဟာစုံစမ်းကြည့်တော့ ညီမ သိပ်ချစ်ရတဲ့သူရဲ့ ရည်းစားဟောင်းတဲ့

(ကျွန်မသိပ်ချစ်တဲ့အမျိုးသားဟာ ကျွန်မကို ဟိုအရာပေးမယ် ဒီအရာပေးမယ်လို့ပြောခဲ့ပေမယ့် ဘယ်တုန်းကမှ ကျွန်မ မရခဲ့ဖူးဘူး
အဲ့ကောင်မကိုတော့ သူကိုယ်တိုင်သွားပေးခဲ့တာ)

ကိုယ်ကတော့ ဒီလူဟာ ကိုယ့်အပိုင်လို့ တွေးခဲ့ပြီး ရည်းစားဟောင်းကို မဆက်သွယ်ဖို့ သွားပြောခဲ့ပေမယ့်

အဲ့ကောင်မ ပြန်ပြောလာတဲ့စကားဟာ
"ငါတို့က ရိုးရိုးသားသားခင်တာပါ သူငယ်ချင်းလို နမ်းတာလောက်ပါဘဲ" တဲ့

အဆုံးထိ သိပ်ချစ်ရပါတဲ့ အမျိုးသားကို ယုံကြည်ပြီး သူ့ဘက်က မဟုတ်ဘူးဆိုတဲ့ စကားကိုယုံကြည်ပြီး အဲ့ကောင်မ ကိုပြသနာ ရှာခဲ့ပေမယ့်

သူ ကိုယ်တိုင် ကျွန်မကို screenshot ရိုက်ပြခဲ့တယ်

ကျွန်မ သိပ်ချစ်ရပါတဲ့ အမျိုးသားရဲ့ ဖုန်းနံပါတ် ကျွန်မ မှတ်မိတာပေါ့

သူ့ဖုန်းနံပါတ်ကနေ ပို့ထားတဲ့ စာဟာ ကျွန်မရဲ့ ရင်ဘတ်ကို စုတ်ပြတ်သတ်သွားသလိုဘဲ
"မမ က ကျွန်တော် နမ်းတာမှမခံဘဲ ကျွန်တော်က လွမ်းနေခဲ့တာနောက်ခါ မရှောင်ပါနဲ့ နော်  မနက်ဖြန်တွေ့ကြမယ် " တဲ့လေ

ကိုကိုလို့ သူကိုယ်သူခေါ်ပြီး ကျွန်မကိုအမြဲ ခေါ်နေကျ နာမ်စားဖြစ်တဲ့ အသက် ဆိုတဲ့ စကားဟာလဲ မမ ဆိုပြီးခေါ်တဲ့ နာမ်စားလောက် နားဝင်မချိုတော့ဘူး

First Date Where stories live. Discover now