INSANITY.8

7.5K 331 53
                                    

(Uni)

"ဒီအသံက..!"

စုံမှိတ်လိုက်တ့ဲမျက်ဝန်းတွေကို ဖြေးဖြေးချင်းဖွင့်
ကြည့်တော့ မိမိရှေ့သွေးတွေန့ဲလဲကျနေသော
ကျားကိုတွေ့လိုက်ရသည်။ တကယ်သေပြီးလို့်ထင်
ခ့ဲတာ သူတကယ်သေပြီးလို်ထင်ခ့ဲတာ ။

တစ်ကိုယ်လုံးတုန်လှုပ်ပြီး မျက်ရည်များအလိုလို
ကျဆင်းလာသည်။နာကျင်နေတ့ဲ ခန္ဓာကိုယ်
ကြောင့် ဆက်ပြီးမလှုပ်ရှားနိုင်တော့ဘူး။

အနောက်ဘက်ကနေ ပွင့်လာန့ဲတံခါးကြီးန့ဲအတူ
အဂ္ဂမဟာက ပြုံး​နေခ့ဲသည်။ပြီးနောက် လဲကျနေတ့ဲသူ့ကို ပွေ့ချီလိုက်သည်။

"အ့ဲတာကြောင့် ထွက်မပြေးပါန့ဲလို့ပြောခ့ဲတာကို"

တစ်ကိုယ်လုံးတုန်ရီနေတ့ဲ ဒေါက်တာကို ပွေ့ချီ
ကာ အပေါ်ထပ်လသာဆောင်မှာ ပြင်ဆင်ထား
တ့ဲ အစားသောက်စာပွဲဆီခေါ်လာခ့ဲသည်။
​ဒေါက်တာကို မိမိရ့ဲမျက်နှာချင်းဆိုင်မှာထိုင်စေ
ခ့ဲသည်။

"ဗိုက်ဆာနေမယ်ထင်လို့ ကြိုပြီးပြင်ဆင်ထားပေး
တာ အမဲသားကပူနေတုန်းပဲ ဒေါက်တာအတွက်
ကိုယ် သေချာလှီးပေးမယ်"

ဒေါက်တာဆီကနေ ဘာစကားတစ်ခွန်းမှမကြား
ရပဲ မိမိရှေ့ အရုပ်ကြိုးပျက်လိုသာထိုင်နေသည်။
သေချာလှီးထားတ့ဲအသားပန်ကန်ကို ဒေါက်တာ
ရှေ့ချပေးလိုက်သည်။ အတော်ဗိုက်ဆာသွား
တယ်လို့ထင်ပါရ့ဲ ပါးစပ်ထဲအပြည့်အသားကို
ခပ်မြန်မြန်လေးထည့်ကာ စားနေသည်။

"ဖြေးဖြေးစားပါ "

"ဘာလို့လာမခေါ်တာလဲ!"

"........................"

"သိနေတယ်မလား! ဒီလိုဖြစ်မှာကိုကြိုသိနေတယ်
မလား!! အ့ဲဒါကို ဘာလို့ လာမခေါ်တာလဲလို့!!!
စောင့်နေခ့ဲတာ ငါစောင့်နေခ့ဲတယ်​"

ကလေးတစ်ယောက်လိုမျိုး မိမိရှေ့အော်ငိုနေတ့ဲ
ဒေါက်တာက မိမိလာခေါ်မှာကိုစောင့်နေခ့ဲတယ်
တ့ဲ။ ဒေါက်တာရ့ဲစကား​ကြောင့် ​ကျေနပ်မိတယ်။
​ဒေါက်တာဒီလိုမျိုး ကလေးတစ်ယောက်လိုအော်
ငိုနေတာကို ပထမဆုံးတွေ့ဖူးတာပင်။
ချစ်ဖို့ကောင်းလွန်းလို့ရူး​တော့မှာပဲ။

InsanityWhere stories live. Discover now