INSANITY.7

7.3K 336 30
                                    

(Uni)

       မနက်ခင်းနေရောင်ခြည်နွေးနွေး​လေးက မိမိရ့ဲမျက်နှာပေါ်ဖြာကျလာတာကြောင့် နိုးသွားခ့ဲ
သည်။

ဒိုင်း!ဒိုင်း!!...

နိုးနိုးလာခြင်း ပြန်မြင်ယောင်လာတ့ဲ ညကဖြစ်စဉ်
ကြောင့် အိပ်ယာထက်အမြန်ထိုင်လိုက်မိသည်။
ပြီးနောက် မိမိရ့ဲခြေတစ်စုံကို နေရာအနှံသေချာ
လိုက်စမ်းကြည့်လိုက်သည်။

"ငါ..ငါညက... "

"နိုးပြီးလားဒေါက်တာ! ဘာတွေအသည်းသန်
လိုက်စမ်းနေတာလဲ "

".........."

"ညက သေနတ်သံကြောင့် ဒေါက်တာလန့်ပြီး
သတိလစ်သွားတာလေ မမှတ်မိဘူးလား"

ကုတင်ခြေရင်းကထိုင်ခုံမှာ ခြေချိတ်ပြီး ပြောလာ
တ့ဲ အရိုင်းစိုင်းကောင်ရ့ဲစကားကြောင့် ညက
အကြောင်းကိုပြန်သတိရသွားသည်။ မိမိရ့ဲခြေ
တစ်စုံအဂ္ဂကသေနတ်ဖြစ်ချိန်ထားခ့ဲပေမ့ဲ မပစ်ခ့ဲ
ဘူး ဘေးကနံရံကိုကသာ ပစ်ခတ်ခ့ဲသည်။ ဒါကို
မောပန်းနေတ့ဲမိမိက ပစ်ခံထိပြီးအထင်န့ဲလန့်ကာ
မေ့လဲသွားခ့ဲရသည်။ ဘယ်လိုစောက်ကျိုးနဲမှု့ကြီး
လဲ။

"ငါဗိုက်ဆာတယ် "

"................"

သူအ့ဲဒီလိုပြောလိုက်တော့ အရိုင်းစိုင်းကောင်က
မျက်ခုံးတစ်ဖက်ပင့်ပြီးကြည့်လာသည်။

"ဘာလဲ ငါမင်းဆီကနောက်တစ်ခါ ထွက်ပြေးရင်
အားရှိနေမှဖြစ်မှာလေ သူများသားသမီးကိုဖမ်း
ထားရင်လည်း တစ်နေ့ထမင်းလောက်သုံးနပ်
လောက်တော့ကျွေးသင့်တယ်မထင်ဘူးလား"

"ဟက်! ဒေါက်တာ့ဆီကအရင် တောင်းဆိုလာ
တာဆိုတော့ ထူးဆန်းလို့ပါ ကိ်ုယ်ပြင်ဆင်ပြီး
ယူလာပေးမယ်"

"ထမင်းစားခန်းမှာပဲစားမယ် ငါ့ကိုခေါ်သွားပေး"

"ဘာတွေထပ်ပြီးကြံစည်အုံးမလို့လဲဒေါက်တာ!"

"ဟက်!ငါကဘာကြံရမှာလဲ မင်းအိမ်တံခါးမကြီး
ကို သော့ခတ်ထားတာ ငါကဘယ်အပေါက်က
ထွက်ရမှာလဲ ရိုက်ချိုးတောင်မရတ့ဲတံခါးကြီးကို
အားကုန်ခံပြီးဖွင့်ပြေးမနေဘူး ပြေးလည်းမင်းလို
ဆိုက်ကိုကောင်ရ့ဲလက်ကနေလွတ််မယ်ထင်ဘူး
အ့ဲဒီတော့ ငါဒီအိမ်ကြီးန့ဲနေသားကျဖို့ပဲလုပ်ရ
တော့မယ်လေ"

InsanityWhere stories live. Discover now