Part-2 Unicode

1.8K 90 1
                                    

Part-2

" စောဦးနောင် မင်းမဒီ့ဆီကအဖြေရပြီလား"

"အေးရပြီလေ "

"ဘယ်လောက်ကြာပြီလဲ"

"၂ပတ် ပြတ်တောင်ပြတ်သွားပြီ"

"မြန်လှချည်လားဟ"

"ဒီတိုင်းအဆင်မပြေလို့"

"၂ပတ်ထဲနဲ့ပြေတယ်မပြေဘူးရှိလားဟ"

နေမျိုးစကားကြောင့်သူပုခုံးတွန့်ပြလိုက်သည်။ ဒါသူ့ပြဿနာမှမဟုတ်တာ ရစ်တတ်တဲ့မဒီ့ပြဿနာလေ။ သူ့ကိုအာရုံနောက်ရင်ဘယ်လောက်လှလှမတွဲချင်တာ။

"ဟေ့ကောင် third yearရောက်တော့မှာ။ အလုပ်လေးဘာလေးရှာထားဦး"

"ငါကအဖေ့လယ်ပဲကူညီမလို့ မဟုတ်လဲလခစားဖြစ်မဲ့တူတူ ကိုယ့်အလုပ်ကိုယ်လုပ်မှာပေါ့"

"ငါလဲအပိုဝင်ငွေရှာမလို့ ဘာလုပ်ရင်ကောင်းမလဲတေွးနေတာ"

"မင်းအဖေကစပါးစက်ပိုင်တာကို ဝင်လုပ်လေ"

"ခြေချုပ်မိတယ်ကွ"

"အဲ့တာဆိုလဲရှာပေါ့ကွာ"

နောင်ကတက္ကသိုလ်ကျောင်းသားပေမဲ့ အကြောတင်းလို့သူများအလုပ်နဲ့လဲပြေမယ်မထင်ပါ။ အဟောက်အဟမ်းခံရရင်ပြန်ပြောမိမှာ။

"မြန်မြန်မြိုကွာ အတန်တက်ရဦးမှာ"

"ထူးထူးဆန်းဆန်း"

"ငိုးမသားရဲ့ အတန်းထိုင်ဦးမှပေါ့။ ဆရာမကလုပ်တော့မယ်"

"အေးပါကွ နေပါဦး မင်းကလဲ"

စိတ်မြန်တဲ့ကောင်မို့ကောက်ခနဲထတာနဲ့ နောက်ကပြေးလိုက်ရတာပဲ။ လင်းစောဦးနောင် ဒင်းကဝင်္ကပါလိုပဲ ခန့်မှန်းရသိပ်ခက်တာ။ ဘယ်လိုအမှီလိုက်ရမလဲကိုမသိဘူး။

"သားကြီး မင်းအလုပ်ရှာနေရင်ငါတစ်ခုတွေ့ထားတယ်"

မိုးကြီးစကားကြောင့်သူခေါင်းထောင်ကာကြည့်တော့

"ဒီလိုကွ ဦးလေးထွန်းကဂိုက်ဆရာရှာနေတာ၊ သူ့သမီးကတွက်စာလိုလို့တဲ့ မင်းကစာသင်တတ်တာပဲ၊ လုပ်ကြည့်ပါလား"

"အေးဟုတ်တယ် မင်းကငယ်ငယ်ထဲကစာရှင်းတတ်တာပဲဟာ"

"ဟာ ဖြစ်ပါ့မလား။"

ဝေးများဝေးရင်   ဝေးများဝေးရင်Onde histórias criam vida. Descubra agora