two worlds apart

118 24 2
                                    

ဂျယ်ယွန်းက ဉာဏ်ကောင်းတဲ့ 7 နှစ်သားလေးပါ ။ အဲ့ဒါဆိုဘာလို့မနေ့ကလမ်းပျောက်သွားတာလဲလို့ လာမေးရင်တော့ ဂျယ်ယွန်းမှာအဖြေမရှိဘူးရယ် ။ ဒါပေမယ့် အဲ့လိုထပ်ဖြစ်မှာမဟုတ်ဘူးဆိုတာတော့ သေချာသွားပါပြီနော် ။ မနေ့က ဦးဦးနဲ့တူတူပြန်လာတော့ လမ်းတွေသေချာမှတ်ထားခဲ့ပြီးပြီ ။

ဒါပေမယ့် အဲ့တုန်းက ဂျယ်ယွန်းကိုလမ်းပျောက်နေတာလားလို့ ဦးဦးမေးလာခဲ့ပေမယ့် " မဟုတ်ပါဘူး .. သူငယ်ချင်းအသစ်ရလာလို့ သူနဲ့ကစားနေတာပါ " လို့ ဂျယ်ယွန်းပြန်ပြောလိုက်မိတာ ။ ဂျယ်ယွန်းတော့ လူလိမ်တစ်ဝက်လေးဖြစ်သွားပြီထင်ပါတယ် ။ ဟုတ်တယ်လေ .. လမ်းမပျောက်ဘူးဆိုတာတော့ မမှန်ပေမယ့် ၊ သူငယ်ချင်းအသစ်ရလာတယ်ဆိုတာကတော့ အမှန်ပဲကို ။

ဦးဦးကိုတစ်ဝက်လိမ်လိုက်ရလို့ ဂျယ်ယွန်းလေးစိတ်မကောင်းပေမယ့် ဦးဦးသာဂျယ်ယွန်းလမ်းပျောက်တာကိုသိရင် အပြင်ထပ်လွှတ်မှာမဟုတ်တော့ဘူး ။ အဲ့ဒီအခါကျ သူဆောင်းဟွန်းနဲ့ သွားတွေ့လို့ရတော့မှာ မဟုတ်ဘူး ။ အယ် မှားလို့ ၊ ပိုးစုန်းကြူးသွားကြည့်လို့ရတော့မှာ မဟုတ်ဘူး ။

အခုဆိုရင် သူငယ်ချင်းနဲ့သွားဆော့ဦးမယ်ဆိုတဲ့ ဂျယ်ယွန်းကို ဦးဦးကခွင့်ပြုလိုက်တာမို့ မနေ့ကတောဆီသွားနေတဲ့ လမ်းပေါ်ဂျယ်ယွန်းရောက်နေတာ ။ လမ်းထပ်ပျောက်မှာမကြောက်ဘူးလားဆိုရင် မကြောက်ပါဘူးနော် ။ စောနကပြောသလို ဂျယ်ယွန်းကဉာဏ်ကောင်းတဲ့ ကလေးလေးမို့ လမ်းထပ်ပျောက်မှာမဟုတ်တော့ဘူး ။

တကယ်တမ်းပြောရရင် ဦးဦးကို ပိုစုန်းကြူးတွေလိုက်ပြခိုင်းလို့ရတာပဲ ။ ဒါပေမယ့် ဘာလို့မှန်းမသိ ၊ ဆောင်းဟွန်းလိုက်ပြမဲ့ပိုးစုန်းကြူးတွေကိုမှ ကြည့်ချင်နေမိတာ ။ တကယ်တမ်းပိုးစုန်းကြူးတွေထက် ဆောင်းဟွန်းအကြောင်းပိုသိချင်နေလို့ဆိုတာ ခြေလှမ်းတွေကိုခပ်သွက်သွက်လှမ်းနေတဲ့ ဂျယ်ယွန်းလေးပဲ အသိဆုံးပါ ။

ပြောသာပြောရပါတယ် .. ။
ဆောင်းဟွန်းက ဂျယ်ယွန်းကိုစောင့်နေပါ့မလား?
မစောင့်ဘဲနဲ့ မေ့နေမယ်ဆိုရင် ဘယ်လိုလုပ်ရပါ့ ။
အဲ့ကျရင်တော့ ပိုးစုန်းကြူးတွေမမြင်လိုက်ရတော့မှာမို့
ဂျယ်ယွန်းစိတ်မကောင်းတွေဖြစ်နေတော့မှာ ။

firefly in a jar [ slow updates ]Where stories live. Discover now