an illusion like sunset

225 29 2
                                    

" ပိုးစုန်းကြူးတွေရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့အလင်းကို
အလင်းအေး လို့လည်း သိပ္ပံပညာရှင်တွေက ခေါ်ကြတယ် .. "

English ဆရာမ အော်ဖတ်ပြနေတဲ့ ပိုးစုန်းကြူးတွေအကြောင်းက နားထဲဝင်တစ်ချက် မဝင်တစ်ချက် ။ စာရေးခုံပေါ်က တင်ထားတဲ့လက်ဖမိုးပေါ် မေးထပ်တင်ထားရင်းနဲ့ပဲ ဆရာမရဲ့ " firefly " ဆိုတဲ့ စကားလုံးက နားထဲဝင်လာရင် ပိုးစုန်းကြူးပုံ ဟိုတစ်ကွက် ၊ ဒီတစ်ကွက် လျှောက်ခြစ်နေမိတာ သူ့ဖတ်စာအုပ်ရဲ့ စာမျက်နှာမှာ ပိုးစုန်းကြူးတွေ နေရာအနှံ့ ပျံဝဲလို့နေရောပဲ ။

တစ်ခါတစ်လေကျ ဂျယ်ယွန်းတွေးမိပါတယ် ။ ကျောင်းဆိုတဲ့နေရာကို သူဘာလို့များလာနေရတာလဲပေါ့ ။ ပိုးစုန်းကြူးတွေအကြောင်းကို သိရဖို့လာတာလား ၊ ဒါမှမဟုတ် ကျောင်းက အအေးထုတ်စက်မှာရောင်းတဲ့ စပျစ်ဆိုဒါက အရမ်းအရသာရှိလို့လား ၊ မဟုတ်ရင် သင်္ချာနဲ့ ရူပဗေဒသင်ရတာ အရမ်းစိတ်ဝင်စားစရာကောင်းလို့ပဲလားလေ ။

ဘာအကြောင်းကြောင့်နဲ့ပဲ ကျောင်းလာတက်နေရပါစေ ၊ အခုတော့ဖြင့် ရောက်တတ်ရောက်ရာ လျှောက်တွေးလိုက် ပုံလျှောက်ခြစ်လိုက်နဲ့ပဲ ဒီစာသင်ချိန်ကို မြန်မြန်ကုန်သွားဖို့ပဲ မျှော်နေမိတော့တာ ။ အထူးသဖြင့် ဒီအချိန်ပြီးရင် ရောက်လာမဲ့နေ့လည်စာစားချိန်ကိုပေါ့ ။ ကျောင်းခေါင်မိုးထပ်ဆီ သွားရဖို့ သူထပ်မစောင့်ချင်တော့ဘူး ။

" ဆရာမ .. သမီးကြားဖူးတာ
ပိုးစုန်းကြူးတွေကို ဖန်ဘူးထဲထည့်သိမ်းလို့ရတယ်ဆို
အဲ့ဒါဟုတ်လားဟင် ဆရာမ "

ပျင်းပျင်းရိရိနဲ့ ပြန့်ကြဲနေတဲ့ ဂျယ်ယွန်းရဲ့အာရုံတွေက အတန်းထဲက ကျောင်းသူမလေးတစ်ယောက်ရဲ့ ရုတ်တရက်မေးခွန်းအောက်မှာ ပြန်လည်စုစည်းကုန်ရတယ် ။

လာပါပြီ .. အရာရာကို စူးစမ်းသိရှိလိုတဲ့ အတန်းခေါင်းဆောင် ။

" အင်းးးး ရတာတော့ရပေမယ့်
တစ်ရက်၊နှစ်ရက်ထက် ပိုသိမ်းထားလို့မရဘူး "

" ဘာဖြစ်လို့လဲဟင် ဆရာမ ..
အကြာကြီးသိမ်းထားလို့မရဘူးလား "

ဘာနေနေ ဒီလို မြို့ဆိုတဲ့နေရာမျိုးမှာ ဘယ်ပိုးစုန်းကြူးမှ ဖမ်းလို့ရမနေတာကြီးကို အတန်းခေါင်းဆောင်က ဘာဖြစ်လို့ အသုံးမဝင်တဲ့ မေးခွန်းတွေမေးနေတာလဲဆိုတာ ဂျယ်ယွန်းတွေးလို့ကိုမရဘူး ။

firefly in a jar [ slow updates ]Where stories live. Discover now