Part-20

1.1K 50 17
                                    

Unicode

ထယ်ယောင်းဆေးရုံက ပြန်ဆင်းလာတော့ ဂျောင်ဂုမှာ မျက်နှာထားတင်းတင်းနဲ့ အိမ်ထဲဝင်လာသည်။

ဂျွန်သားအမိမှာ ဂျောင်ဂုပုံစံမြင်တော့နှုတ်မဆက်ရဲ အသာလေးငြိမ်နေလိုက်သည်။ ဂျောင်ဂုက ထယ်ယောင်းကို ယုယုယယ တွဲကာ အခန်းထဲခေါ်သွားသည်။ ခဏနေမှ အခန်းထဲက ပြန်ထွက်လာပြီး ဂျွန်သားအမိနားသွားလိုက်သည်။

"ဘွားဘွားနဲ့အန်တီလေးကို ကျွန်တော် စကား နည်းနည်းလောက်ပြောချင်လို့..."

"အင်းပြောလေ ငါ့မြေး..."

"ဘွားဘွားနဲ့ အန်တီလေး ဒီနေ့ကစပြီး ထယ့်ကိုဘာမှ မခိုင်းပါနဲ့တော့ ဘွားဘွားနဲ့အန်တီလေး ခိုင်းစရာရှိတာ ခိုင်းလို့ရအောင် ကျွန်တော် အိမ်အကူတစ်ယောက်စီစဥ်ပေးထားမယ် ဘွားဘွားခိုင်းစရာရှိရင် အဲ့အိမ်အကူကိုပဲ ခိုင်းပါ ၊ ထယ်က အခုအနားယူရမဲ့ အခြေအနေမှာရှိနေတယ်၊ သူဘွားဘွားတို့ခိုင်းတာဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး..."

"အေးပါ ငါ့မြေးရယ် အဘွားတို့ မခိုင်းတော့ပါဘူး..."

"ပြီးတော့ အန်တီလေး ရှိသေးတယ် အဲ့နေ့ကဘာလို့ ထယ့်ကို ပန်းအိုးအလေးကြီးတွေ မ ခိုင်းရတာလည်း အန်တီလေးလုပ်ပုံက အခက်မသင့်ရင် ကျွန်တော့်ကလေး အသက်ဆုံးရှုံးနိုင်တယ်နော်..."

"အန်တီလေးလည်း အဲ့လောက်ထိ ဖြစ်သွားမယ်မှန်းမသိလို့ပါ ငါ့တူရယ်..."

"အန်တီလေးနဲ့ဘွားဘွားက ကျွန်တော့်အပေါ် ကျေးဇူးတွေ အများကြီးရှိ ပါတယ် ကျွန်တော် အန်တီလေးနဲ့ ဘွားဘွားရဲ့ကျေးဇူးတွေကို ဒီတစ်သက်မမေ့ပါဘူး ၊ ကျွန်တော် အခုလို အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာတာကလည်း ဘွားဘွားနဲ့ အန်တီလေးကျေးဇူးကြောင့်ပါ အဲ့ကျေးဇူးတရားတွေကြောင့်ပဲ ဘွားဘွားနဲ့အန်တီလေး ထယ့်အပေါ် ဘယ်လိုဆက်ဆံဆက်ဆံ ကျွန်တော် ဘာတစ်ခုမှ ဝင်မပြောခဲ့တာ ဒါပင်မဲ့အခု အန်တီလေးတို့ လုပ်တဲ့လုပ်ရပ်က အရမ်းကို တရားလွန်တယ် ..."

ဂျောင်ဂုပြောတော့ ဂျွန်သားအမိမှာ ဘာမှမပြောနိုင် သူတို့လုပ်လိုက်တဲ့ လုပ်ရပ်ကို မှားမှန်းသိနေ၍ ဂျောင်ဂုပြောတော့ ငြိမ်နေကြသည်။

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now