Part-8

1K 51 5
                                    

Unicode

ညနေအိမ်ပြန်ရောက်လာတော့ ထယ်ယောင်းအခန်းရှိရာစီ အရင်ဦးတည်ပြီး လာလိုက်သည်။

"ထယ်ယောင်း ငါ ခဏဝင်ခဲ့မယ်နော်..."

အခန်းတံခါး ခေါက်ပြီး ထယ်ယောင်း ကိုဝင်ခွင့်တောင်းကာ အခန်းထဲဝင်လာလိုက်သည်။

ဂျောင်ဂု ဝင်လာတော့ ထယ်ယောင်းမှာ လှဲနေရာက ငုတ်တုတ်ထထိုင်ကာ ဂျောင်ဂု ကို နှုတ်ဆက်လိုက်သည်။

"အကို ပြန်လာပြီလား..."

"အင်း အခုပဲ ပြန်ရောက်တာ...ဘယ်လိုနေသေးလည်း သက်သာရဲ့လား..."

"ဟုတ်အကို သက်သာ ပါတယ်..."

"အင်း...မင်းကို တစ်ခုလောက်တောင်းဆိုကြည့် ချင်တယ်.."

"ဟုတ်ကဲ့ အကိုပြောပါ..."

"မင်းနဲ့ ငါတွဲကြရအောင်..."

ထယ်ယောင်းမျက်လုံးလေးဝိုင်းစက်သွားကာ ဂျောင်ဂုကို အံသြသလိုပုံစံလေးနဲ့ ကြည့်နေသည်။

"ထယ်ယောင်း ငါပြောတာကြားလား ငါတို့တွဲကြည့်ရအောင်လို့.."

"ဟင့်အင်း အကို မဖြစ်နိုင်ဘူး...."

"ဘာလို့မဖြစ်နိုင်ရမှာလည်း မင်းနဲ့ငါ တူတူ
တောင် နေပြီးပြီပဲ....."

"ဒါ...ဒါပင်မဲ့ မဖြစ်နိုင်ဘူးလေ မေမေနဲ့ ဒယ်ဒီသိသွားရင်ရော ကျွန်တော်ကြောက်တယ်...."

"ကျစ် အဲ့လိုအရာတွေပါ ထည့်တွက်ပြီးစဥ်းစားနေရအောင် မင်းက ကလေးပေါက်စလေးလား.."

ဂျောင်ဂုပြောတော့ ထယ်ယောင်းခေါင်းလေးအောက်ငုံ့သွားပြီး...

"ထည့်မတွက်လို့ မရဘူးလေ အကိုရယ် ဒယ်ဒီနဲ့ မေမေသာ သိသွားရင် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းမလည်း ကျွန်တော်ကြောက်တယ် ..."

ဂျောင်ဂု စိတ်ရှုပ်လို့သွားသည်။ ထယ်ယောင်းနဲ့ တူတူနေကြည့်မိထဲက ထယ်ယောင်းခန္ဓာကိုယ်ကို သူစွဲလန်းနေမိသည်။ ထပ်ထပ်ပြီးလည်း ကြူးလွန်ချင်မိသည်။ ထို့ကြောင့် အရဲစွန့်ကာ သူနဲ့တွဲကြည့်ဖို့ တိုက်တွန်းကြည့်တာဖြစ်သည်။ သူတိုက်တွန်းကြည့်ပင်မဲ့ တစ်ဖက်လူက ငြင်းဆန်နေ၍ စိတ်ပျက်သွားသည်။

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now