Part_6

576 22 0
                                    


"ဖေဖေ လာမယ့်အပါတ်ထဲကျွန်တော်သွားမယ်။ လိုက်ခြင်တဲ့အဖွဲ့ရှိသေးလားလို့ ဖေဖေစာရင်းစစ်ပေးထားအုံး။"

"အိုကေ သားshine ဟိုရောက်ရင်တည်းဖို့ရာက ဖေဖေအိမ်ငှားထားပေးရမလား။"

"မငှားနဲ့တော့ ဖေဖေ သားသူငယ်ချင်းရဲ့အိမ်တစ်လုံးရှိတယ်သူ့ဆီအကူအညီတောင်းထားတယ်။"

"စားရေးသောက်ရေးအတွက် ဒေါ်လေးကိုခေါ်သွားမလား။"

"ဖေဖေ သားအသက်၁၂နှစ်လောက်ကတည်းက နိုင်ငံခြားမှာတစ်ယောက်တည်းနေလာတာနော်။"

Shineတစ်ယောက် စာရွက်တွေပြန်စီနေရင်း အဖေလုပ်သူကိုကြည့်ကာ နှုတ်ခမ်းဆူပြလိုက်သည်။

"ငါ့သားပုံစံနဲ့ အဲ့လိုကြီးမလုပ်နဲ့ တစ်ကယ်မလိုက်ဖက်ဘူး။ဖေဖေက သားကဟိုမှာအနည်းဆုံးတစ်နှစ်ကြာသွားနိုင်လို့လေ။"

"ကဲပါ ဖေဖေရာ သားအတွက်စိတ်မပူနဲ့ တစ်လတစ်ခါပြန်လာမယ်။"

ဦးဖုန်းလှတစ်ယောက် သားနဲ့စကားပြောပြီးတာနဲ့ meetingထိုင်ရန် နှိုးဆော်လိုက်သည်။

နေပြည်တော်သွားရမယ်ဆိုတာနဲ့ ပထမဦးဆုံးသတိရမိလိုက်တာကကရင်ကလေးလေးတစ်ယောက်ကိုပင်။ဒါကြောင့် ဦးဖုန်းလှရဲ့စကားအဆုံးမှာ ချက်ချင်းအဖြေပြန်ပေးမိသည်။

လ​ေပါင်းများစွာနေရမှာဖြစ်တာကြောင့် နိုင်ငံခြားမှာကျောင်းအတူတတ်ရင်းခင်ခဲ့တဲ့သူငယ်ချင်းက မြန်မာပြည်မပြန်ဖြစ်တာနဲ့ သူ့အိမ်မှာခနတာတည်းခိုခွင့် အကူအညီတောင်းလိုက်သည်။

"ကဲ အားလုံးဘဲသိကြတဲ့အတိုင်း နေပြည်တော်မှာဆောက်လုပ်မယ့်အဆောက်အဦးအတွက် ကျွန်တော့်သားကိုယ်တိုင်ဦးစီးလုပ်ကိုင်မှာမို့ ဒီအတွက်စိတ်ချလို့ရပါပြီ။

နောက်ပြီး သားနဲ့အတူပါဝင်မယ့်အဖွဲ့ကို စာရင်းအတိအကျလေးနဲ့ တင်ပြပေးပါ။အားလုံးအတွက်စီစဉ်စရာရှိတာတွေစီစဉ်လို့ရအောင် ကြိုတင်ပြင်ဆင်ပေးကြပါ။ခရီးကနောက်အပါတ်ထဲစထွက်ဖြစ်မယ်။"

အားလုံးဆီကတီးတိုးသံတွေက နင်လိုက်မှာလားငါလိုက်မှာလားဆိုတာပင်။နိုင်ငံရေးအခြေအနေမတည်ငြိမ်နေတဲ့အချိန်အခါမို့ အားလုံးကတခြားမြို့မှာလပေါင်းများစွာနေဖို့ရာ တစ်ချို့တွေကတွန့်ဆုတ်နေခဲ့သည်။

ရင်ခုန်သံကိုမညာချင်ဘူး_(Completed)Where stories live. Discover now