EP-4

659 51 15
                                    

*****************

ပူကနဲ ဖြစ်သွားသည့် ပါးပြင်တစ်ဖက် ...

ဇက်ပင်လည်သွားရသည်အထိ လက်သံပြောင်ချက် ။ သို့သော် တန်ပါသည် ။ ကွဲသွားမတတ် ပါးပြင်တစ်ခုလုံး ပူစပ်နေသည့်ရိုက်ချက်နှင့် နှုတ်ခမ်းမှ သွေးစို့နေသည့် ကိုက်ခဲဒဏ်ရာတို့ ရထားသော်လည်း ခံရသည်နှင့်တန်အောင် ရက်အလီလီပြစ်မှားခဲ့ရသည့် နှုတ်ခမ်းဖူးပြည့်ပြည့်လေးအား စိတ်ရှိတိုင်း နမ်းခွင့်ရခဲ့သည်မဟုတ်လား။

ကိုကိုက ချစ်ဖို့ကောင်းသည်။ ကြောင်ဆိုးလေး တခွီးခွီးနှင့် ရန်လုပ်သလိုကို ချစ်ဖို့ကောင်းသည်။မင်ဂယူးက ကိုကို့ကို ခြေစခေါင်းဆုံး ငုံထားရမတတ် နင့်နင့်နဲနဲ ချစ်ပါသည်။

ကိုကို အဆိုးအဆာလေးကတော့ ငြင်းဖို့သာ သိလေသည်။ မင်ဂယူးစိတ်ကို ရိပ်မိကတည်းက မင်ဂယူးမကြိုက်တာပဲလုပ်သည်။ မင်ဂယူးမကြိုက်တဲ့စကားတွေပဲ ပြောသည်။ အေးအေးဆေးဆေး အချစ်ခံပြီးနေရတာ ဘာများပင်ပန်းလို့ တူးတူးခါးခါးဖြစ်နေရမှန်းမသိပါ။

"ဂင်မင်ဂယူး ငါမင်းကို ဘာလုပ်ရမလဲ မသိတော့ဘူး "

" ကိုကို့ ချစ်သူလုပ်မယ်လေ "

" စိတ်အနှောက်အယှက်ဖြစ်လိုက်တာ ... ကိုကိုလို့ မခေါ်နဲ့လို့ ပြောနေတယ်လေ ဂင်မင်ဂယူး ... ငါမင်းကို မကြိုက်ဘူး တွဲလည်းမတွဲဘူးလို့ "

" ဒီနေ့တော့ ဒီလောက်နဲ့ ပြန်တော့မယ် ...မနက်ဖြန် ကျောင်းသွားခါနီး လာခေါ်မယ်နော် "

ပါးပြင်အိအိလေးကို ပုတ်ပေးပြီး ပြန်ထွက်လာတော့ အမျက်ချောင်းချောင်းထွက်ကာ အော်ဟစ်လျက် ကျန်ခဲ့သော ကိုကိုက ကြောင်ဆိုးလေးနှယ် ....

မချစ်ပေးလို့ ရင်နာရပေမယ့် ကိုကိုအားကိုးမယ့်လူက မင်ဂယူးပဲဖြစ်လာရမည်။ အချိန်ဘယ်လောက်စောင့်ရစောင့်ရပေါ့ .... ဘယ်အရာကမှ ကြိုမမြင်နိုင်ဘူးလေ လူဆိုတာ ပြောင်းလဲတတ်တာ သဘာဝမဟုတ်လား

************************************

"လာခေါ်မယ်လို့ ပြောထားတယ်လေ ကျွန်တော့်ကို ဘာလို့ မစောင့်ရတာလဲ "

DON'T BABY ME [Short Story] [COMPLETE]Where stories live. Discover now