🍒

2.1K 409 193
                                    

Unicode Version

“ဖေဖေ!”

“ဂျောင်ဆန်းလေး”

သူ့ဆီအပြေးအလွှားဆိုသလို ရောက်လာတဲ့ သားဖြစ်သူကို ကောက်ပွေ့ချီလိုက်သည်။

“ဖေဖေ့ကို သတိရနေတာ”

“ဟုတ်လား။ ဘယ်လောက်အထိလဲ”

“မိုးလောက်ကြီး”

စကားတတ်တဲ့ ဂျောင်ဆန်းရဲ့ ပါးလေးကို မနာအောင် အသာဖွဖွ ဆွဲလိမ်လိုက်ရင်း အခုထိ မျက်နှာချင်းဆိုင်မှာ ရပ်နေသည့်လူကို လှမ်းကြည့်လိုက်သည်။

“အဖေကိုတွေ့တာနဲ့ ဒီအမေကို ‌ချက်ချင်းမေ့ပြီပေါ့လေ”

သားဖြစ်သူကို စနောက်လိုက်တဲ့ အမျိုးသမီးဟာ ချက်ချင်းဆိုသလို ဂျီမင်းအနားကနေ ဂျောင်ကုအနားကို တန်းရောက်သွားသည်။

“သားက မေမေ့ကိုရော ဖေဖေ့ကိုရော အများကြီးချစ်တာပါ”

“စာ‌ရေးဆရာသားလို့မပြောရဘူး။ သိပ်ပြောတတ်တာပဲ ဟုတ်တယ်မလား မောင်”

မျက်စိရှေ့က မိသားစုမြင်ကွင်းလေးက ကြည်နူးဖွယ်ကောင်းတာ မှန်ပေမဲ့လည်း ဂျီမင်းကတော့ လင်းသွားလိုက် မှိန်လာလိုက် အမြင်အာရုံကြောင့် အသက်မှန်မှန်ရှူဖို့ပင် မေ့လျော့နေခဲ့သည်။

“ဂျီမင်း”

မခေါ်နဲ့။
ကျေးဇူးပြုပြီး မခေါ်ပါနဲ့။

“မောင့်အသိလား”

ဂျောင်ကုရဲ့ အမျိုးသမီးက ဂျီမင်းကို လှမ်းကြည့်ရင်း မေးသည်။ ဟင့်အင်း မတွေ့ချင်ဘူး။

“ဂျီမင်း..”

ဒုတိယအကြိမ်မြောက် ခေါ်သံနောက်တွင်တော့ သူ ထိုနေရာက ပြေးထွက်ခဲ့တော့သည်။ ဂျောင်ကုနဲ့ဝေးရာ..... ထပ်ပြီး အကုန်လုံးနဲ့ဝေးရာကို။

ဘီးရပ်တာနဲ့ လွှတ်ချလိုက်တဲ့ လက်အစုံကြောင့် စက်ဘီးလေးက မြေပြင်ပေါ် အထိန်းအကွပ်မဲ့စွာပဲ လဲကျသွားခဲ့သည်။ အရပ်မျက်နှာမသိတော့ဘဲ ခရေပင်တွေကြား ပြေးလွှားနေသည့် ပုံရိပ်ကလေးဟာ သေချာပေါက် ဂျီမင်းကလွဲပြီး မရှိနိုင်။

အနီရောင်ချယ်ရီသီးWhere stories live. Discover now