Down the past lane

234 35 10
                                    

ချန်းယောလ်တစ်ယောက် အကြံအိုက်နေသည်

အရာရာဟာ သူစီစဉ်ထားသလို မဖြစ်လာဘူးမလား

ရှေ့နေကို ဖုန်းဆက်ပြီးမေးတော့ ကွာရှင်းစာချုပ်ပို့ပြီးရင်တောင် ရုံးမှာကိစ္စတွေပြတ်အောင် ၆ လလောက်စောင့်ရမည်တဲ့

၆ လမပြောနဲ့ ၆ ရက်တောင် သူမစောင့်ချင်

ဂျွန်ဟီးနဲ့ မဂ်လာဆောင်ပွဲက နောက် ၃ လနေရင် ကျင်းပဖို့ အစီအစဉ်ဆွဲထားတာကို

မနေ့ကဆို သူ ဂျွန်ဟီးကို အကြိုးအကြောင်းဖုန်းဆတ်ဖို့ လုံးဝကို မေ့နေခဲ့တာ

*ဒေါက် ဒေါက် ဒေါက်*

“ချန်းယောလ် ၊ ချန်းယောလ် နိုးနေရင် ခဏထွက်လာခဲ့အုံး”

ကျစ်..မေမေ က အရေးထဲမှာ တစ်မှောင့်

သူမျက်မှောင်တွေကြုတ်ထားရတာ အရေးအကြောင်းတွေတောင် ထင်တော့မယ်၊ သည်းခံဖို့ အသက်ကို ပြင်းပြင်းရှုရတဲ့ အကြိမ်ရေကြောင့် ရင်ဘက်ကြွက်သားတွေတောင် အောင့်နေသလိုပဲ

“စျေးသွားရင်း ကြားခဲ့တာ မနေ့ညက တစ်ညလုံး ဘက်ခဟျွန်းနဲ့ အတူတူနေခဲ့...”

“အာ မေမေကလည်း ရဲစခန်းမှာ ဘယ်လိုလုပ် တူတူနေတာဖြစ်မလဲ ဒီအတိုင်း သက်သက်ဆီ အိပ်ခဲ့ရုံပဲ”

“အေး ငါလည်း ဘာပြောလို့လည်း ဘယ်လိုအိပ်အိပ် အိပ်တယ်ဆို အိပ်တယ်ပေါ့”

“အာ မတူဘူးလေ”

“ကဲ တော်စမ်းပါ ရော့”

လက်ထဲကို သစ်သီးခြင်းတောင်းထည့်ပေးလိုက်တာမို့ ချန်းယောလ်မှာ ကြောင်တောင်တောင်နဲ့ ယူလိုက်ရသည်

“ဒါက ဘာလုပ်ဖို့လဲ

“အော် တော်တော် ကောင်းတဲ့ သမက်ပဲ၊ ဒီနေ့က မီဂျာ ရဲ့ နှစ်ပတ်လည်နေ့လေ၊ ဘက်ခဟျွန်းနဲ့ အတူတူ သွားကန်တော့ရမှာပေါ့”

“ဟာ မေမေကလည်း ကျွန်တော်တို့က တကယ်ပြန်မဖြစ်နိုင်တော့ပါဘူးဆို”

“ဘယ်လိုပဲဖြစ်ဖြစ် သားမက်တစ်ယောက်အနေနဲ့ မဟုတ်တောင် မင်းလည်း ငယ်ငယ်က မီဂျာရဲ့ လက်ထဲမှာ ကြီးပြင်းလာခဲ့တာ၊ တကယ်ဆို မီဂျာက မင်းရှိတာကြောင့်သာ သူ့သားကို စိတ်ချလက်ချထားသွားရှာတာ”

BittersweetWhere stories live. Discover now