ဘက်ခဟျွန်းပြောတဲ့အတိုင်း မိဘတွေအိမ်ကိုလာခဲ့ပေမယ့် စိတ်ထဲမှာဘဝင်မကျ
အေးလေ
ဒါပြီးရင် ပတ်သတ်ရာအကြောင်းမှ မရှိတော့တာ သည်းခံ ချန်းယောလ် သည်းခံလိုက်ဒီရက်ပိုင်းလေး သည်းခံလိုက်တာနဲ့ ဒီကိစ္စအပြတ်ဖြတ်နိုင်ပြီ။
ခြံထဲကို သူဝင်လာတာမြင်တာနဲ့ မေမေက ပြေးထွက်ကာ ဖက်ထားသည်။
သူ့ကို ဖက်ပြီး ငိုနေတဲ့မေမေ့ကို မြင်တော့ ဖေဖေက သူ့ကျောကို ပုတ်ပြီး နှုတ်ဆတ်ယုံအပြင် ဘာမှမပြောမိနစ်အတော်ကြာ ဖက်ငိုပြီးတာကို စိတ်မကောင်းစွာတောင်တောင့်ကြီးနေပေးနေရတဲ့သူ့ကို သတိထားမိတော့
"အိမ်ထဲလာကြကွာ" ဆိုပြီး ဖေဖေက ဆွဲခေါ်သွားသည်။
"သား ဘာစားလာလဲ။ ဗိုက်ဆာနေမှာပေါ့ နေအုံးထမင်း၊ ဟင်းတွေ နွှေးလိုက်အုံးမယ်"
"နေပါစေ"
မေမေက သူ့စကားကို မကြားသလို မီးဖိုချောင်ထဲဝင်သွားသည်။
အိမ်ခန်းဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ အပြင်အဆင်ဟာ ဘာမှသိပ်မပြောင်းလဲ
အထက်တန်းကျောင်းဆင်းပွဲတုန်းက ရိုက်ထားတဲ့ ချန်းယောလ်နဲ့ ဘက်ခဟျွန်းပုံအပါအဝင် သူတို့လက်ထက်ကြတုန်းက ဘုရားကျောင်းရှေ့မှာ မိသားစုလိုက် ရိုက်ထားတဲ့ ပုံကိုလည်း ဧည့်ခန်းနံရံမှာ အစဥ်အလာမပျက်ချိတ်ထားသေးသည်။
သူတို့ နှစ်ဦးကွဲကွာနေကြပြီဆိုတာ ကာယကံရှင်တောင် လက်ခံထားတာကို မိဘတွေက နားမလည်ကြပုံပါပဲ။
"ဟူး" ချန်းယောလ်ခေါင်းခါရင်း ထိုင်ခုံမှာ ဝင်ထိုင်ဖို့ပြင်လိုက်သည်။
သစ်သားကြိမ်ခုံက ကူရှင်တို့ကပါ အရောင်ဖျော့နေပြီ
ပြီးတော့ဟောင်းနွမ်းနေတဲ့ သစ်သားဆက်တီခုံတွေကြားမှာ ခေတ်မှီ Massage Chair တစ်လုံးက မလိုက်မဖက်ဖြစ်နေတာက မျက်စိထဲကန့်လန့်လိုဖြစ်နေသည်။
လဲရင်လည်း အားလုံး လဲလိုက်တာမဟုတ်ဘူး
"ဆက်တီတွေ တော်တော်ဟောင်းနေပြီပဲ၊ ကျွန်တော်ဆိုဖာအသစ်တွေ ပို့လိုက်မယ်"
VOUS LISEZ
Bittersweet
Fanfictionအချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် သေချာတာက "Love is a hole in the heart." ဆိုတဲ့အတိုင်း ချစ်မိသွားတာနဲ့ နှလုံးသားထဲက ကွက်လပ်ကို တစ်စုံတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်တာမျိုးပါပဲ သူမှ မဟုတ်ရင် အမြဲနာကျင်နေရတော့တာမျိ...