891 151 24
                                    

//မင်းနဲ့တူတူ ကြီးပြင်းသွားချင်တယ်//

“ကျန်းဟာအိုရေ ကျန်းဟာအို…”

တကြော်ကြော်အော်နေတဲ့ အသံတွေက အဆက်မပြတ်ထွက်ပေါ်နေပေမဲ့ ပြန်ထူးသံလေးကိုတော့ ဘယ်ဆီကမှ မကြားရ။ 

ငါ့ရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးက ငါ့ကို ဘယ်မှသွားမရအောင် လက်ကနေ ဆွဲထားရင်း နှစ်သိမ့်တယ်။

“စိတ်မပူနဲ့နော် ဟန်ဘင်း.. တီချယ်တို့ သားအစ်ကိုကို ရှာတွေ့မှာပါကွယ်”

“မတွေ့ရင်ရော”

“တွေ့မှာပါ သားရဲ့”

“မတွေ့ရင်ရောလို့!!”

ငါ အော်တော့ တီချယ်က လန့်ဖြန့်သွားသလို ငါ့လက်ကို လွှတ်ပစ်လိုက်ပြီးမှ မဝံ့မရဲ ပြန်ဆွဲလာတယ်။

“သူ တစ်ခုခုဖြစ်ကြည့် မင်းတို့အကုန်လုံးကို ရိုက်ပစ်မှာ!!!”

ချောင်းကြည့်နေတဲ့ ဒုတိယတန်းက ကလေးတွေကို လက်ညိုးထိုးကာ ကျိန်ဆဲပစ်လိုက်တယ်။

ကျန်းဟောင့်က အတန်းထဲမှာ စကားမပြော တိတ်တိတ်လေးပဲနေတဲ့ ကလေးဖြစ်ပါစေဦး.. မရှိလို့မရှိမှန်း မသိတာကတော့ လွန်လွန်းတယ်မလား။

ငါ့စကားကြားပြီး တချို့ကလေးတွေက ဝါးခနဲ ငိုချတာကြောင့် ကားပေါ်မှာ ပွက်ပွက်ညံသွားတယ်။ ဘာလို့ ငါ့ကို အဲလောက်ထိ လန့်နေကြသလဲဆိုတော့ ကျန်းဟောင့် ပေတံကို လုပြီး ချိုးသွားတဲ့ တစ်ယောက်ရဲ့ နဖူးကို ငါ ကွန်ပါဘူးနဲ့ ပေါက်ထားတာ ပူပူနွေးနွေးပဲ ရှိနေသေးတာကြောင့်ပါပဲ။ 

“ဟန်ဘင်း.. စကားကို အဲလိုကြီး မပြောရဘူးလေ”

ငါ့ကို ဆုံးမဩဝါဒ ချွေဖို့ ပြင်လာချိန် သည်းမခံနိုင်တော့တာမို့ တီချယ်ရဲ့လက်ကို ကုန်းကိုက်ပြီး ပြေးထွက်ပစ်ခဲ့တာ။ 

ကိုယ့်အတန်းထဲက ကလေး ပျောက်နေမှန်းတောင် မသိတဲ့ တီချယ်က အပန်းဖြေဥယျာဉ်ဟာ အကျယ်ကြီးမို့ ငါပါ မျက်စိလည် ပျောက်သွားမှာကိုတော့ စိုးရိမ်တယ်တဲ့။ အဲလို ရယ်ချင်စရာ အကြောင်းပြချက်နဲ့ ငါ့ကို ဆွဲထားပြီး ကျန်းဟောင့်ကို လိုက်ရှာခွင့်မပေးခဲ့။

I wanna grow old with youWhere stories live. Discover now