Ep..[4]

462 45 16
                                    

[Unicode]

" ဘာ!! "

အချိုးမပြေတဲ့မျက်နှာပေးနဲ့ သူ့ရှေ့ကလူဟာ အတော်လေးအမြင်ကပ်စရာကောင်းလွန်းသည့်အပြင် စကားပြောပုံကလဲအထက်စီးဆန်လှတာမို့ ရိပေါ်ဒေါသထွက်သွားရသည်။

လူကိုဆွဲလားရမ်းလားအရင်လာလုပ်တာက သူမဟုတ်တဲ့အတိုင်း လုပ်ပြနေပုံက ဆွဲထိုးချင်စရာ...

" ခင်ဗျားရိုင်းလှချည်လား! ကျုပ်ကိုဘာစကားလာပြောတာလဲ "

" ဟေး ဘာလို့စိတ်တွေတိုနေရတာလဲ လိုလို့လားအဲ့လောက် "

" လိုတယ်!! "

စူးခနဲဆောင့်ထွက်လာတဲ့အသံလေးကြောင့် Sean သူ့ရှေ့ကအသေးလေးကိုသေချာပြန်ကြည့်လိုက်ရသည်။
အတော်အော်နိုင်တာပဲ...

ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြူလုံးလုံးကောင်လေးဟာ စိတ်ဝင်စားစရာတော့အကောင်းသား...
လူနဲ့မလိုက်ဒေါသကြီးပြနေသောပုံစံကြောင့် Sean လှောင်သလိုပြုံးလိုက်မိတော့ ပိုပြီးစူပုတ်လာတဲ့ မျက်နှာနုနုလေး။
အနိုင်ကျင့်ချင်စရာကောင်းလွန်းသည်။

" အဟွန်း "

" ခင်ဗျားဘာကိုရယ်တာလဲ! "

သူ့ကို သေချာကြည့်ကာ မချိုမချဉ်မျက်နှာပေးနဲ့ ရယ်လိုက်တဲ့ထိုလူကြောင့် ရိပေါ်ပို၍ပင်စိတ်တိုသွားရသည်။
ဘာသဘောလဲဒါက လူကိုလှောင်သလိုလို ပြောင်သလိုလိုနဲ့။
ဒီအချိုးမပြေတဲ့လူနဲ့ကတော့
ဒေါသထွက်ရလွန်ပြီးရိပေါ်အသက်တိုတော့မယ်။

" ကိုယ်မရယ်ပါဘူး မင်းအမြင်တွေမှားနေတာပဲ မျက်လုံးသိပ်မကောင်းတော့ဘူးထင်တယ် ဂရုစိုက်မှပေါ့ "

" ဘာဗျာ့! "

" ဟိုး ဖြည်းဖြည်းအော်ပါ ကိုယ့်နားကအကောင်းကြီး "

" ခင်ဗျား ကျုပ်ကိုရန်လာစနေတာလား "

" No "

ရိပေါ်ဘယ်လိုလူနဲ့လာတိုးနေရပါလိမ့်...
သိပ်စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။
အလုပ်ထဲမှာမို့ အတော်လေးသည်းခံထားတဲ့စိတ်ကို ထိုလူကလာဆွနေတော့ ခက်လှ၏။
သို့သော်သူစိတ်ထိန်းမြှဖစ်မည်။

ရှေ့ကအချိုးမပြေသောမျက်နှာကြီးအား ဆက်မကြည့်နိုင်တော့တာနဲ့ စိတ်ကိုလျော့ကာ ထွက်လာဖို့လုပ်တော့  လက်အားပိုင်စိုးပိုင်နင်းဆွဲလာသည့်ထိုလူ...

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Dec 22, 2023 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

Bittersweet Love Opowieści tętniące życiem. Odkryj je teraz