Ep..[3]

454 60 18
                                    

[Unicode]

ရှင်းလင်းနေသော ဟိုင်းဝေးလမ်းမကြီးပေါ်တွင် ဆူညံနေသောလူသံတွေနဲ့အတူ ဆိုင်ကယ်သံတွေဟာလည်းညံပွက်လို့နေသည်။
အားလုံးဟာအောင်ပွဲခံဖို့အချိန်ကိုစောင့်ဆိုင်းနေကြ၍ မီးရောင်စုံအောက်တွင် ဆူဆူညံညံပင်။

ထိုထဲမှတစ်ယောက်ကတော့ နီညိုရောင်ဆိုင်ကယ်ကြီးပေါ်တွင် တိတ်ဆိတ်စွာထိုင်နေရင်း အနည်းငယ်မှောင်နေပြီဖြစ်သော လမ်းဘက်ကိုသာ မျက်တောင်မခက်ပဲစူးစိုက်ကြည့်နေခဲ့သည်...။
လက်ထဲကနာရီကိုကြည့်လိုက်တော့ 6:50Pm
တစ်ဖြည်းဖြည်းနီးကပ်လာတဲ့ဆိုင်ကယ်သံကြောင့်Jayပေါ့ပေါ့ပါးပါးပြုံးလိုက်ကာ...

" One "

ပိုမိုနီးကပ်လာတဲ့ဆိုင်ကယ်အသံဟာ လုံးဝကိုအရှိန်ပြင်းစားနဲ့မောင်းလာနေဆဲ...

" Two "

" Sean! Sean!!! "

ဆိုင်ကယ်သံနီးလာလေ အော်ဟစ်အားပေးနေသောအသံတွေဟာပို၍ညံလာလေပင်။

" Three "

ဝေါးးး! ကျွီးးးး!!!

ဆိုင်ကယ်ပေါ်ကနေပဲပန်းဝင်အလံကိုဆွဲယူပြီး အရှိန်ပြင်းပြင်းနဲ့တစ်ပတ် ပတ်ပြီးမှဆိုင်ကယ်ကိုဘရိတ်ဆောင့်အုပ်ကာ ရပ်လိုက်သည့်Sean!
ဘေးပတ်ဝန်းကျင်တွင်Seanဆိုသည့်သူ့နာမည်ကိုအော်ကာဆူညံနေသောအားပေးသံတွေကြောင့် ကျေနပ်စွာ ပြုံးတယ်ဆိုရုံလေးနှုတ်ခမ်းကိုတွန့်ကွေးလိုက်ပြီးJayကိုလှမ်းကြည့်လိုက်သည်...။

" G-U-N ရဲ့ပိုင်ရှင်ကိုကြိုဆိုပါတယ်. "

နီညိုရောင်ဆိုင်ကယ်ကြီးပေါ်မှဆင်းလာကာ Seanလက်ထဲကအလံကိုကြည့်၍ ခပ်မြူးမြူးလေးထပြောလာတဲ့Jay...
Seanနိုင်မှာကိုကြိုသိနေသောပုံစံလုပ်နေတာက သိပ်တော့မထူးဆန်းပေ..Seanဆိုတာရှုံးပွဲမှမရှိခဲ့ပဲ အရာရာကိုအနိုင်မရ ရအောင်ယူတက်တဲ့လူပင်။
ဒါကို သူငယ်ချင်းအရင်းဖြစ်တဲ့Jayက ကောင်းကောင်းကြီးသိသည်။

" မနက်ဖြန် G-U-Nမှာဆုံမယ်Jay "

" Ok! "

Jayကိုနှုတ်ဆက်ပြီးတာနဲ့ ထိုအနက်ရောင်လူသားကဆိုင်ကယ်နဲ့အတူ ထွက်သွားတော့သည်...။

Bittersweet Love Where stories live. Discover now