Prologue(Unicode)

124 11 0
                                    

"မိန်း ကလေး မိန်းကလေး သတိ သတိရလာပြီလား...."

မိုင်ထောင်ပေါင်း မြောက်မြားစွာ မှ ဝေ ဝါး စွာ လာခဲ့သော အသံ တို့ တစ်ဖြည်းဖြည်း နှင့် ခန္တာကိုယ်၏ အနားနားကို ရောက်လာသလို ခံစားရသည်။
အကြားအာရုံ တို့ ၏ အဓိက နေရာ သို့ သူတို့အဝေးကြီးတစ်နေရာ မှ လာနေကြသလို ခံစားနေရသည်။

"မိန်းကလေး.... မင်း ဘယ်လို ခံစားရလဲ..... အဆင်ပြေရဲ့လား.... သတိ ကောင်းကောင်းရလား....."

အသံ တို့သည် ရေလှိုင်း တွေ ကမ်းစပ် ဆီကို ပြေးပြေးဆောင့် နေသလို တိုးဝင်လာကြ၏။
"အို ကျွန်မ အိမ်မက် မက် နေသလား။'

ကျိန်းစပ် နာကျင် နေသော မျက်လုံး အစုံကို မရဲတစ်ရဲ ဖွင့်ကြည့် လိုက်မိသည်။
ရုတ်တရပ် အဝါရောင် အဝိုင်းကြီးတစ်ခု တိုးဝင် လာမှုကြောင့် ပြန်လှည် မှိတ်ချပြစ်လိုက်ရ၏။

တစ်စတစ်စ ရရှိလာသော အသိဥာဏ် တို့ အကြား တွင် နှာခေါင်း တွေ ဆီမှ ငါးညှီနံ့ကို ရနေသည်။
နေရောင် နှင့် အခြောက်လှန်းထားတတ်သော ငါးစိမ်းတို့ မခြောက်ခင် လာတတ်သော အနံ့။
ပုပ်အဲ့အဲ့ ထို အနံ့ အား  ရင်းနှီး နေ၍ သာ တော်ပေတော့သည်။

ရေလှိုင်းသံတွေလည်း ကြားနေရပါသည်။ ခတ်ဆတ်သောရေလှိုင်းသံ။ သာယာသောရေလှိုင်းသံ။
'အို ကျွန်မ ဘယ်ရောက်နေတာလဲ'

"မိန်းကလေး.... ဟေ့ ..."

ဒီတစ်ခေါက် ခေါ်သံ တွေသံ အရမ်းကိုနီးကပ်လွန်းလှသည်။
မျက်လုံးကို နောက်တစ်ကြိမ် ပြန်ပြီး မဲတင်းကာ ဖွင့်လိုက်တော့ မထည်ဝါလှသော ညိုညစ်ညစ် ထရံ မျက်နှာကျက် တစ်ခုကိုတွေ့ရ၏။
ထိုမျက်နှာကျက်အပေါ် ဆီမှ တွဲကျ နေသော အဝါရောင် မီးသီး တွဲလေးတစ်ခုက မျက်နှာတည့်တည့် ပေါ်သို့ ပြုတ်ကျတော့ မယောင်။

"အ... ကျွတ် ကျွတ်ကျွတ်"

ခန္တာကိုယ် အနှံ့အပြားမှ ထွက်ပေါ်လာသည့် နာကျင်မှုကြောင့် ကျွန်မ မျက်နှာ ကို ရှုံ့မဲ့ရင်း မျက်လုံးကိုပြန်လည် မှေးမှိတ်ချလိုက်မိပြန်သည်။
သို့သော် တွဲထူ လာသည့် သန်မာ သော လက်မောင်းတစ်စုံကြောင့် မျက်လုံးတွေပြန်ပွင့်လာရ၏။

From The Blues- အချစ်သည် ဘဝ တွင် တစ်ကြိမ် တစ်ခါသာ သင့်ထံ လာတတ်၏။ Where stories live. Discover now