အပိုင်း 9(u+z)

7.1K 82 0
                                    

(unicode)

လပြည့်ဗိုက်ကိုလက်နဲ့ကာကွယ်လိုက်သော်လည်း တိုက်မိသည့်အားကမသေး။

ပါးစပ်မှသွေးတွေကိုသုတ်ကာ ရှေ့ကလူကို လူသတ်ချင်သည့်မျက်လုံးတွေနဲ့ကြည့်လိုက်သည်။

"မင်းငါ့ကိုအဲ့မျက်လုံးတွေနဲ့ မကြည့်နဲ့!!!"

ထိုအချိန်အိမ်ထိန်းmoonလည်းပြန်ရောက်လာပြီး ဘုန်းမြတ်တည်ကိုခေါ်လိုက်သည်။

အစည်းအဝေးထိုင်နေသော ဘုန်းမြတ်တည်မှာ ချက်ချင်းပင်အခန်းမှပြေးထွက်သွားကာ
အိမ်ကိုမြန်မြန်ပြန်လာသည်။

အိမ်ရောက်တော့သွေးပျက်ဖွယ်မြင်ကွင်းကြောင့် တစ်ကိုယ်လုံးအသက်ရှူရပ်သလို ဖြစ်သွားရသည်။

လပြည့်ဝန်းကလည်းသူ့ကိုမြင်တော့ မျက်ရည်အိုင်ထွန်းလာကာ ငိုကျွေးတော့သည်။

ဘုန်းမြတ်တည် လပြည့်ကိုသူ့ရင်ခွင်ထဲထည့်ကာနှစ်သိမ့်လိုက်သော်လည်း ကိုယ်လေးက ကြောက်ရွံ့၍ တစ်သိမ့်သိမ်တုန်ယင်နေခဲ့သည်။

"အဖေဘာလာလုပ်တာလဲ?"

‌အေးစက်နေတဲ့ သားဖြစ်သူရဲ့အသံကြောင့် စိုင်းမြတ်တည် ကြောက်သွားပေမဲ့ ပြန်ပြောလိုက်သည်။

"ငါမင်းကိုတွေ့ချင်လို့လာတာပေါ့ကွ"

"ဒါဆိုကျတော့်ကိုဆက်သွယ်လိုက်ပေါ့။ဘာလို့ဒီလာနေသေးလဲ"

"ငါလည်းငါ့အိမ်ပြန်လာတာပေါ့ကွ"

"ဒါဆိုလည်းအဖေသူ့ကိုဒီလိုမလုပ်သင့်ဘူး"

"မင်းက စောက်အပျက်ကောင်အတွက် အဖေကိုအာခံနေတာလား!!!!"

"သူကအပျက်ကောင်မဟုတ်ဘူး!!!အဖေအိပ်နေတဲ့လူတွေနဲ့တစ်တန်းထဲမထားနဲ့!!!!"

"မင်း!!!မင်းကငါ့ကိုအော်တယ်ပေါ့လေ!!!"

"ဘာဖြစ်လဲဒီစောက်အပျက်ကောင်ကို စောက်ဖာသည်ကိုအဲ့လိုခေါ်တာ"

"စိုင်းမြတ်တည်!!!!!!!"

ဘုန်းမြတ်တည်ရဲ့အသံကကျယ်လောင်စွာဖြင့် သူ့အဖေက်ုအော်လိုက်သည်။

"ခွေးမသား!!!ငါကမင်းကိုကျွေးမွေးခဲ့တာကိုမေ့သွားပြီလားကွ!!!!!"

🌸Little Full Moon 🌸Where stories live. Discover now