| 10 |

610 81 35
                                    

ယူဂျင်း ကိုကို့အိမ်ထဲမှတဆင့် အပြင်ဘက်ခြံထဲသို့‌ပြေးထွက်လိုက်သည့်အချိန်တွင် အနောက်ကနေ လက်ကိုလှမ်းဆွဲလိုက်တဲ့ကိုကို့ကြောင့် နေရာမှာတင်ရပ်တန့်သွားရသည်။

"" ယူဂျင်းနီး ကိုယ့်ကိုစိတ်ဆိုးသွားတာလား
ကိုယ်အမှားတစ်ခုခုလုပ်မိလိုက်လို့လားဟင်?
ကိုယ့်ကိုပြောပြပါလား တစ်ခုခုအထင်လွဲတာဆိုလည်းမင်းစိတ်ရှင်းသွားတဲ့အထိကိုယ်ရှင်းပြပါ့မယ် ကိုယ့်ဘက်ကမှားတာဆိုရင်တော့ မင်းကျေနပ်တဲ့အထိကိုယ်တောင်းပန်မယ်လေ နော် ယူဂျင်းနီး ""

သူနှင့်အရပ်တူသွားစေရန် ကိုယ်ကိုကိုင်းလျက်ဖြင့် ငုံ့ထားသောသူ့မျက်နှာလေးအား ဂရုတစိုက်ကြည့်ကာပြောလာသည့်ကိုကို့ကြောင့် လှမ်းဆွဲထားသည့်ကိုကို့လက်တွေကိုရုန်းချဖို့အတွက် ယူဂျင်းတွန့်ဆုတ်သွားသည်။

ကိုကိုကအမြဲ ဒီလိုပဲဖြစ်သည်။ ဘယ်လိုအ‌ခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူ့စိတ်အခြေအနေဘယ်လိုဆိုတာကို တန်းသိတတ်ပြီး  သူမှားနေရင်တောင် ကိုကိုကပဲတောင်းပန်လိမ့်မည်။

"" အရင်ဆုံးအိမ်ထဲပြန်ဝင်ရအောင်
အပြင်မှာအရမ်းအေးတယ် အခုတောင်ယူဂျင်းနီးလက်ဖျားလေးတွေတော်တော်အေးနေပြီ ""

ကိုကိုကပြောပြောဆိုဆိုနှင့် အေးစက်နေသည့်သူ့လက်ကလေးအားဆုပ်ကိုင်ထားလျက်ဖြင့် အိမ်ထဲဝင်ရန်ပြင်လေသည်။

"" ကျွန်တော်အိမ်ပြန်မလို့ပါဆို ""

ပေရပ်နေရင်း ဂျစ်တစ်တစ်ပြောလိုက်တော့ အိမ်ထဲဝင်ဖို့လှမ်းနေတဲ့ကိုကို့ခြေလှမ်းတွေလည်း ရပ်တန့်သွားခဲ့ပြီး သူ့ဘက်တစ်ဖန်လှည့်လာလေသည်။

သို့ရာတွင် ကိုကို့မျက်နှာအမူအရာမှာတော့ စိတ်ရှုပ်ခြင်းအလျဉ်းမရှိဘဲ ပကတိကြည်လင်လို့နေပါသည်။

"" အင်း ကိုယ်သိတယ် ဒါပေမဲ့ကိုယ်တို့အခုစကားပြောဖို့လိုတယ် အိမ်ထဲဝင်ရအောင်နော် လိမ္မာတယ် ""

သူ့မေးစေ့လေးအား ခပ်ဖွဖွပွတ်ရင်း ကိုကိုချော့ပြောလာလေတော့ တင်းခံထားတဲ့ယူဂျင်းစိတ်တွေလည်း အရည်ပျော်ကျသွားရကာ ကိုကို့ကိုထပ်ပြီးအထွန့်မတက်နိုင်တော့ပေ။

I Cherish You Where stories live. Discover now