Unintentional Love - 3

237 44 1
                                    

       
         "ဟေ့  .... ဟေ့  နေအုံး ....မင်း  ရှေ့ကို  ခြေထပ်မလှမ်းနဲ့ မင်းရှေ့မှာ  .... မြွေ!! ......."

ထိုလူ့အော်သံအဆုံးမှာ မက်သရူး  ပြူးကြည့်လိုက်တော့တကယ်ကိုနည်းတာမဟုတ်သည့် မြွေကြီး။ နေဝင်ရီတရောအချိန် အလင်းကသိပ်မရှိတော့တာမို့ မက်သရူးအောက်ကိုသေချာမကြည့်မိတာ အမှားပင်။ ။ မက်သရူးသာ နောက်တစ်လှမ်းနှစ်လှမ်းဆို ကျိန်းသေပေါက်  တက်နင်းမိမှာ .....။
ထိုအခါမှ မက်သရူး လန့်ဖြန့်ကာ ခြေထောက်တွေကလှုပ်မရတော့ပဲ တစ်ကိုယ်လုံး ချွေးစီးတွေပြန်လာသည်။ မားရေ  သားတော့ ရေနစ်မသေပဲ မြွေကိုက်သေတော့မယ်ထင်တယ်....အဟင့် ...ဟီးးးအီးးး.....

      "ဟို .... ဟို  ဟိုလူ .... ကျွန် ကျွန်တော့်ကို ကယ်ပါအုံး .... အီးးးဟီးးးး မားရေ  .... သားတော့သေတော့မယ်ထင်တယ် .... ခြေထောက်တွေကရွေ့မရတော့ဘူး .... အားးးး ဒီဘက်လာနေပြီ ... ဟို လူ  ဟို လူ .....လုပ်ပါအုံး..... "

မက်သရူး  သူ့ဆီမြွေလာတာမြင်ပြီးနောက် လူကလှုပ်မရတော့ဘဲ မျက်လုံးမှိတ်ပြီး အသားကုန်အော်ဟစ်ငိုတော့သည်။ ထိုအချိန်.... မက်သရူး ခြေကျင်းဝတ်ဘေးနားကနေ ဘောင်းဘီစကို ထိကာ တစ်ခုခု ဖြတ်သွားသလို အေးခနဲဖြစ်သွားခြင်းနဲ့အတူ ..... ပုခုံးပေါ်သို့ရောက်လာသည့်အထိအတွေ့ကြောင့် .....

     "အားးးးး ဘာကြီးလဲ ...... မေမေရေ.!!!..... မြွေ ...."

     "    ဟေ့  ဟေ့    ဇွတ်အော်မနေနဲ့ အဲဒါငါ့လက်  .... မြွေက သေနေပြီ  မျက်လုံးလေးဘာလေး ဖွင့် ကြည့်လိုက်အုံး .... "

သူ့ပုခုံးကိုဆွဲလှုပ်ကာ ပြောလာခါမှ မျက်လုံးတစ်ဖက်အား အသာဖွင့်ရင်း ထိုလူ့ကိုကျော်ကာ ကြည့်မိတော့ ခေါင်းမှာ ဓားမြှောင်စိုက်ကာ သေနေပါသည့် မြွေ ....။     ထိုအခါမှ  ဟင်းးးး ခနဲ သက်ပြင်းချသံနဲ့အတူ  မက်သရူး ခြေထောက်တွေက အားမရှိတော့သလို  ခွေခေါက်ကျကာ လူပါအမှောင်ကမ္ဘာထဲရောက်သွားတော့သည်။ မက်သရူးဒီရွာကိုရောက်တာတစ်ရက်ပဲရှိသေးပေမဲ့ တစ်နှစ်လောက်ပင်ကြာသလိုထင်လိုက်ရတော့သည်။

~~~~~~~~~~~

       မက်သရူးဒီရွာကိုရောက်တာ တစ်ပတ်မြောက်ပြီးနေ့။  ထိုတစ်ပတ်အတွင်း ရွာထဲက ဘယ်သူမှ ဆေးခန်းရယ်လို့ လာကြတာမရှိတာမို့ မက်သရူးကိုယ်တိုင် တစ်ခုခုလုပ်ဖို့စီစဉ်ရတော့သည်။ ထယ်ရယ်ပြောသလို တကယ်ကို ဆရာဝန်တို့ဘာတို့မလိုအပ်သည့်ပုံစံလိုပင်။ တော်တော်တယူသန်တဲ့လူတွေ.... မက်သရူးသက်ပြင်းမော တစ်ချက်ချလိုက်မိသည်။ မကြာခင်မိုးရာသီရောက်တော့မည်။ တောတောင်ပတ်လည်ဝိုင်းနေသည့် ဒီရွာ၌ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေ ကျိန်းသေပေါက်ဖြစ်လာမှာ။ ကြိုလုပ်သင့်တာ လုပ်ထားဖို့ ပြောရမည်ဖြစ်သည်။ ပြောလည်းအရင်ကဒီလိုနေလာတာပဲဟု ပြန်ပြောမည့်လူမျိုးတွေဖြစ်လောက်သည်။ အခုရက်ပိုင်းတော့ ရှေ့က ဆေးပေးခန်းလေးကို ထယ်ရယ်နဲ့အတူတူ လိုအပ်တာတွေဖြည့်၊ပြင်စရာရှိတာပြင်နေရသည်။

Unintentional LoveWhere stories live. Discover now