" ဒီက ရေအရင်ချိုးလိုက်နော် .... ရေဆွဲပေးထားတယ် ..."
မက်သရူး ခြံထဲရှိ အပင်အောက်ကွပ်ပျစ်ထက် ခနနားနေတုန်း ပြောလာသည့် ကောင်လေးတစ်ယောက်။ အခု မက်သရူးက သူနေရမည့်အိမ် ရောက်နေတာဖြစ်သည်။ မြို့တွေလို တိုက်တွေမဟုတ်ပေမဲ့ ပျဉ်လုံး အိမ်လေးဖြစ်ပြီး သူ့အခန်းနဲ့သူ သပ်သပ်ရပ်ရပ်နဲ့ပင်။ နောက်ပြီး မက်သရူးနဲ့အတူတူနေဖို့ ကင်မ်ထယ်ရယ်ဆိုသည့် သူနာပြုလေးတစ်ယောက်လည်းရှိသည်။ခုနက ရေချိုးရန် လာပြောတာက ထိုသူနာပြုလေးပင်။
မက်သရူး တစ်ချက်ပြုံးလိုက်ရင်း လက်လေးဆန့်ပေးကာ ...."ဆော့မက်သရူးပါ ..... ရှေ့လျှောက်ကူညီပေးပါအုံး .... "
"ဒေါက်တာနဲ့ အတူတူနေပေးသွားမဲ့ ကင်မ်ထယ်ရယ်ပါ ..... "
ထယ်ရယ့်က သူ့လက်ကိုပြန်ဆွဲကာ နှုတ်ဆက်လာသည်။
"မက်သရူးလို့ပဲခေါ်ပါ အသက်တူတူလောက်ပဲဟာ .... ကျွန်တော်လည်း ထယ်ရယ်လို့ပဲခေါ်မယ် .... အတူတူနေရမှာ ပေါ့ပေါ့ပါးပါးပေါ့ ...."
" အာ ok ..... ဒါနဲ့ မက်သရူး ရွာကို လာရတာ တော်တော်ပင်ပန်းခဲ့တယ်မလား ......"
ထယ်ရယ့်အမေးကြောင့် မက်သရူး နေ့လည်တုန်းကအဖြစ်တွေပြန်မြင်ယောင်ရင်း ငိုချင်လာရသည်။ ထိုလူက သူ့ကို ဒီအိမ်အထိပို့ပေးခဲ့ပြီး တန်းထွက်သွားတာဖြစ်သည်။
"အရမ်းပဲ .... တော်တော်လမ်းခရီးးကဆိုးတာပဲနော် ... ကျွန်တော်တော့ ရွာမရောက်ခင် အရင်သေပြီမှတ်တာ ...."
မက်သရူးရှုံ့မဲ့စွာဆိုတော့ .....ထယ်ရယ်ကရယ်ရင်း ....
"အဲဒါတောင် ဂျီအွန်းဟျောင်းကြောင့် မက်သရူးသက်သာတာ ...နမို့ဆို ဒီထက်ပိုဆိုးမှာ ....."
"ဂျီအွန်း ဟျောင်းဆိုတာ ??...... "
"မက်သရူးကို လိုက်ပို့တဲ့လူလေ ...... ဒီအိမ်လည်း ... အဲဟျောင်းဆောက်ပေးထားတာ .... ရှေ့ကဆေးခန်းလေးရော ... "
"အဲလူ့ဂွစာကလား....... "
မက်သရူးမယုံသလိုအပြောကို ထယ်ရယ်ကရယ်ရင်း .......
"လူ့ဂွစာ !! ......ဟျောင်းလား .... ဟျောင်းက မျက်နှာရောအကျင့်က အဲလို ပေမဲ့ စိတ်ရင်းကောင်းပါတယ် .... တော်ရုံဆို မဆိုင်သလိုနေတတ်ပေမဲ့ ရွာအတွက်ဆို အမြဲကူညီပေးတတ်တာ ..."
YOU ARE READING
Unintentional Love
Fanfiction" ရော့ မင်းလိုချင်တဲ့ သစ်ခွ .... လမ်းမှာတွေ့လို့ကောက်လာတာ " " ပန်းပေးရင် အလှမ်းဝေးတတ်တယ် လူ့ဂွစာရဲ့ ....."