Chapter_2

2.3K 23 5
                                    

သူမကျောင်း၀န်းထဲ၀င်၀င်ချင်းပဲသူမအချစ်ဆုံးသူငယ်ချင်း‌‌ေရွှရည်နဲ့တွေ့လေသည်။

အူဝါးးး ဘေဘီရယ်နောက်ကျလိုက်တာဟာ ငါနင့်ကိုစောင့်နေတာတစ်နာရီတောင်ရှိပြီဟ

တော်စမ်းပါဟာ

ရွှေရည်ကဒရာမာခင်းကာသူမရင်ခွင်ထဲခုန်၀င်လာသည်မလို့ခန္ဓာကိုယ်ကိုဘေးသို့နည်းနည်းရှောင်လိုက်ပြီးမျက်လုံးလိမ့်ကာပြောလိုက်မိသည်။

ယောက်မလေး အတန်းခွဲထားတာသွားကြည့်ရအောင်”

ရွှေရည်ကသူမဘေးရှောင်လိုက်တာကိုစိတ်ထဲမထားပဲစပ်ဖြဲဖြဲဖြင့်ပြောလာသည်။‘ယောက်မလေး’ဟုခေါ်လိုက်သံကချွဲပစ်နေတာမလို့မကျေမနပ်ဖြင့်မျက်စောင်းထိုးလိုက်ကာ

ဘယ်သူကနင့်ယောင်းမလဲ” ဟုခါးထောက်ပြီးပြောလိုက်သည်။

“ဟဲဟဲ ငါကစတာပါဟ”

ရွှေရည်ကသူမစိတ်ဆိုးမှာဆိုးတာမလို့လျှာလစ်တစ်ထုတ်ပြီးပြောင်လိုက်သည်။ထိုမှသာနှင်းမှုံမျက်နှာထားကနည်းနည်းလျော့သွားတော့သည်။

“ဒါပေမယ့်လေ နင့်အစ်ကိုကတကယ်ကြီးချောတာနော်... ငါပြောချင်တာကအရင်ကလည်းချောပေမယ့်လည်းမတွေ့ရတာကြာလို့ထင်တယ်ပိုပိုပြီးချောလာတယ် နင်ပြောဟာ နင့်အစ်ကိုရဲ့မကောင်းတဲ့သတင်းကြောင့်သာမိန်းကလေးတွေကပေါ်တင်မလိုက်ရဲတာ
စိတ်ထဲမှာတော့ကြိတ်ကြိုက်နေကြတာချည်းပဲ”

သူမတို့အတန်းခွဲတာသွားကြည့်တဲ့လမ်းမှာ‌ေရွှရည်ကပေါက်ပေါက်ဖောက်သလိုသူမရဲ့အစ်ကိုကဘယ်လောက်ချောကြောင်းမိုက်ကြောင်းတွေမနားတမ်းပြောလာလေသည်။သူမကတော့‌ေရွှရည်ကိုမရှိသလိုသာသဘောထားလိုက်သည်။နဂိုကတည်းက
ကိုငယ့်ကိုမကျေနပ်စိတ်များမှာ‌ေရွှရည်ရဲ့သူမအစ်ကိုကိုမြှောက်ပင့်နေမှုများကြောင့်ပိုပိုသာတိုးလာရသည်။

ဘယ်သူကသူ့ကိုအဲ့လောက်ဆိုးခိုင်းနေလို့လဲ’

ရည်ရည်(ရွှေရည်လို့ရေးရတာလက်ညောင်းလို့)ရဲ့ပေါက်ပေါက်ဖောက်သံများကိုလေလို့သာသဘောထားလိုက်သည်။အခုချိန်မှာသူမစိတ်အ၀င်စားဆုံးအရာကအတန်းခွဲတာပင်။သူမမှာငယ်ငယ်ကတည်းက‌ေရွှရည်ဆိုသောသူငယ်ချင်းလေးတစ်ယောက်သာရှိလေရာအတန်းတိုင်းလည်းတစ်ခါမှမခွဲဖူးပေ။ရုတ်တရက်သာခွဲရမည်ဆိုသူမဘယ်လိုနေလို့နေရမှန်းပင်သိမှာမဟုတ်။

You've reached the end of published parts.

⏰ Last updated: Oct 30, 2023 ⏰

Add this story to your Library to get notified about new parts!

မဆိုးပါနဲ့ကိုကိုတို့!Where stories live. Discover now