Chapter_1

5.8K 44 7
                                    

"သမီးမြန်မြန်ဆင်းလာခဲ့နော် အောက်မှာဒရိုင်ဘာဦးလေးစောင့်နေတာ အားနာစရာကြီး"

"လာပြီမာမားရေ ခနလေး"

နှင်းမှုံ အောက်ထပ်ကမာသာမိခင်ရဲ့သတိ‌ေပးသံကြောင့်ဆံပင်ကိုဖြစ်သလိုဘဲစည်းလိုက်ပြီး lip gloss ဆိုးရင်းပြန်အော်ပြောလိုက်သည်။

"မြန်မြန်လာ အောက်မှာကိုငယ်လည်းစောင့်နေတာ"

'ကိုငယ်က?စောင့်နေတာ?? ဟမ့်...သူလား စောင့်မှာ'

စိတ်ထဲမှာမယုံချင်သလိုလိုဖြစ်နေပေမယ့်တကယ်ကြီးစောင့်နေတာလားဆိုတဲ့အတွေးကလည်း၀င်လာတာမလို့အလှပြင်နေတာကိုမြန်မြန်လက်စသတ်လိုက်သည်။

"ဟုတ် လာပြီလာပြီ အခုလာပြီလို့"

ထို့နောက်လွယ်အိတ်ထဲစာအုပ်တွေပစ်ထည့်ပလိုက်ပြီးအပေါ်ထပ်မှဆင်းလာလိုက်သည်။

အောက်ထပ်ရောက်တော့‌သူမအမေကထမင်းဝိုင်းပြင်နေတာမလို့

"မားမစားတော့ဘူး ကျောင်းရောက်မှပဲစားလိုက်တော့မယ်" လို့အမြန်ပြောလိုက်သည်။

"တစ်ခါတည်းစားသွားလေ ကျောင်းမှာရောင်းတဲ့သရေစာတွေကဘယ်ဗိုက်ပြည့်မလဲ? စာသင်ရင်းဗိုက်ဆာနေမယ်"

'မာသာမိခင်ရယ် ကိုငယ်စောင့်နေတယ်လို့
လောကလုံးကိုကြောက်ပေမယ့်ကိုငယ်ကို‌တော့ကြောက်တယ်လို့!!!'

သူမနောက်ကျနေတာကိုကြည့်မယ့်ငရဲပြည်ကိုအရောက်ပို့ပေးမဲ့မျက်လုံးတွေကိုမြင်ယောင်နေပါပြီ!

"တော်ပြီလို့မားရဲ့ ဒီနေ့တစ်ရက်ပါပဲ...နောက်ရက်တွေကြစောစောထပြီးစားသွားမယ်လေလို့နော်~~~"

မေမေကအလျော့ပေးမယ့်ပုံမပေါက်တာကြောင့်အာပလာတွေ‌ေလျှာက်ရွှီးပြီးချစ်စရာကောင်းအောင်ချွဲပလိုက်သည်။

"ဟင်း...ဟုတ်ပြီ ဟုတ်ပြီ"

မာသာမိခင်မှမကြည်သလိုလိုပြောတာကိုကြည့်ရုံနဲ့တင်ပြန်လာရင်ကိုကြီးဆီမှဆူခံရမှာသိနေပါသည်။ဒါပေမယ့်လည်းအခုကပိုအရေးကြီးတာမလို့လက်တစ်ဖက်ကိုခါယမ်းလိုက်ရင်း

မဆိုးပါနဲ့ကိုကိုတို့!Where stories live. Discover now