3

302 48 9
                                    

နွေပူပူမှာ နှင်းကျသလို
အေးခဲနေတဲ့ဆောင်းရာသီ တစ်ရက်မှာ ရစ်ခီက မတ်သရူးကို ကျောင်းရှေ့မှာစောင့်နေခဲ့တယ်၊ မတ်သရူးရဲ့ညဘက် အိပ်မက်တွေထဲအထိ ပြုစားနိုင်မဲ့ အပြုံးတခုနဲ့။

"မတ်သရူး"
နောက်ကွယ်မှာ အမြဲတမ်း 'ပေါင်ပေ့'
လို့ခေါ်နေကြဖြစ်တဲ့ ရစ်ခီ့အတွက် မတ်သရူးကို နာမည်တပ်ခေါ်ရတာနည်းနည်း ထူးဆန်းနေပါသည်။ ဒါပေမဲ့ ဒါကိုမသိတဲ့ မတ်သရူးအား ရုတ်တရက် 'ပေါင်ပေ့' လို့သွားခေါ်လို့မရတာတော့ သူသိသည်။

"အာ ရစ်ခီဒီနေ့လဲ စောတာပဲ"
ရစ်ခီရှန်က ကျောင်းရှေ့မှာ ရပ်နေပြီး မတ်သရူးကို စကားအရင်လာပြောတာကိုက ထူးဆန်းနေတယ်ဆိုပေမဲ့ ရစ်ခီနောက်ထပ်ပြောတဲ့ စကားကပိုပြီး မတ်သရူးအတွက် ထူးဆန်းတယ်။

"အင်း မတ်သရူးကိုစောင့်နေတာလေ။"

ဘုရားရေ! ရာသီဥတုက ဒီလောက် အေးနေတာမလို့ ဒီနေ့က April Fools မဖြစ်နိုင်။ အိပ်မက်လို့ပြောရအောင်လဲ သူ့လက်ကိုသူပြန်စိတ်ကြည့်ပြီးပြီ။ နာတယ်လေ!

"အာ..ပြောစရာတစ်ခုခုရှိလို့လား ရစ်ခီ"

"မရှိပါဘူး၊ ဒီတိုင်း မတ်သရူးကို
စောင့်ချင်လို့။"
အေးတဲ့ ရာသီဥတုကြောင့်နီရဲနေသော
မတ်သရူးရဲ့ နားရွက်လေးတွေသည် အခုဆို  သိသိသာသာ ပိုနီသွားပြီ။

အခုချိန်မှာ ဦးနှောက်လဲ အလုပ်မလုပ်တော့၊ သူရစ်ခီ့ကို အရူးတယောက်လို ရပ်ကြည့်နေမိတာ ဘယ်လောက်ကြာသွားလဲ လဲမမှတ်ထားမိ၊ ရစ်ခီ​၏ ခပ်တိုးတိုး
'သွားကြမယ်လေ' ဟုသောစကား
ကိုသာ လိုက်နာခဲ့မိသည်။

ဒီနေ့ နေ အရှေ့ဘက်က ဝင်မယ်ဆိုရင်တောင် မတ်သရူး အံ့ဩတော့မည်မထင်ပါ။ ဘာလို့လဲဆိုတော့ အမြဲတမ်း မတ်သရူးမှီအောင် လိုက်ခဲ့ရတဲ့ ခြေလှမ်းတွေက ဒီနေ့မှာ မတ်သရူးကို စောင့်နေခဲ့တယ်။
စည်းချက်ညီညီ သွားနေတဲ့ သူတို့ရဲ့ ခြေထောက် နှစ်စုံ​၏ ပုံရိပ်သည် သူအရမ်းသဘောကျရသည့် ရစ်ခီရဲ့ မျက်နှာလေး ထပ်ကိုပင် အဖိုးတန်နေသလိုပင်။
အခုချိန်မှာတော့ မတ်သရူး​၏ နှုတ်ခမ်းပေါ်မှာ နေရာယူထားသည့် အပြုံးတစ်ပွင့်ကို သူသတိထားမိပေမဲ့ မထိန်းချုပ်တော့။

The Berry Kissesㅣ shenthewWhere stories live. Discover now