2

262 47 4
                                    

"မတ်သရူးက ငါ့ကိုစိတ်ကုန်သွားပြီလို့ထင်လား"
သူငယ်ချင်းလေး ရစ်ခီရှန် တစ်မနက်လုံး ငူငူငိုင်ငိုင် ဖြစ်နေပါတယ်လို့ တွေးမိ တာ နောက်ဆုံးတော့ အကို မတ်သရူးကြောင့်ဖြစ်နေတာပဲ။
ရယ်ချင်သွားပေမဲ့ ထမင်းစားနေတုံး အထိုးမခံချင်တာကြောင့်ဂယူဘင်း ထိန်းလိုက်ရသည်။

"သေချာပေါက်ပေါ့...ငါဆိုလဲ မင်းကိုစိတ်ကုန်မိမှာပဲ မတ်သရူး sunbae ကတစ်နှစ်လုံးသည်းခံနိုင်တာပဲ အံ့ဩတယ်။ ဒါပေမဲ့သူလဲ အခုနောက်တယောက်နောက် ပါသွားလို့မေးနေတာမလား"

"ကင်မ်ဂရူဘင်း စကားကိုအကောင်းပြော!"

သူငယ်ချင်းလေးစီမှ လိုချင်တဲ့ reaction ရသွားပြီမလို့ ဂယူဘင်း ထမင်းစားရင်း မထိန်းနိုင်တော့ပဲ ရယ်နေမိတယ်၊ ရစ်ခီရှန် မျက်လုံးတွေကသာ မီးထွက်နိုင်မယ်ဆို ကင်မ်ဂယူဘင်း တယောက်ပြာကျသွားတာ ကြာလောက်ပြီ

"ဒီနေ့ lunch မလာတော့ဘူးတဲ့..အခုလဲတကယ်မလာဘူး.."

"သေချာတယ် မင်းကိုစိတ်ကုန်သွားပြီ အဲ့တာ"

"ဒီဖေ..! ထားပါ ပြီးတော့ မင်း ငါ့ပေါင်ပေ့တို့ major က 4th year လောက်ဖြစ်မယ်ထင်တယ်..၊ဂျီဝန်း..ဂျီအူး ဆိုလား၊ အဲ့တယောက်ကိုသိလား"

contact မှာ ပေါင်ပေ့ ရစ်ခီ လို့မှတ်ထားတဲ့ မတ်သရူးက ရစ်ခီရှန် သူ့နောက်ကွယ်မှာ သူ့ကိုပြန်ပြီး ပေါင့်ပေ့လို့ခေါ်နေတာသာသိရင် မူးလဲသွားမယ်ထင်ပါတယ်။

"ကင်မ်ဂျီအွန်း? အရပ်ရှည်ရှည် အသားဖြူပြီး တော်တော်လေးချောတဲ့တယောက်လား?"

ရစ်ခီမနက်က ပုံရိပ်ကိုပြန် စဉ်းစားကြည့်တဲ့အခါမှာ..အင်း လက်မခံချင်ပေမဲ့ အဲ့စီနီယာက ချောတဲ့အထဲပါ ပါသည်။ ဒါပေမဲ့ သူကိုယ်တိုင်လဲ အရပ်ရှည် အသားဖြူပြီး တော်တော်လေးချောတယ်လေ!

"အင်း ငါ့လောက်တော့မချောဘူး"
"နေပါအုံး သူတို့က nickname ပေးရတဲ့ အထိကို ရင်းနှီးတာလား! ပေါင်ပေ့က ခေါ်တာ ဂျီဝန်းဟျောင်းတဲ့..ဟိုကလဲ ဘာတဲ့ မတ်ချူးဆိုလား!"

မနက်ကသူရှိရာဘက်ကို ကျောပေးပြီး စကားပြောနေခဲ့တာမို့ မတ်သရူးကတော့ မမြင်ခဲ့ပေမဲ့ သူကတော့ အနောက်ကနေ ဟိုစီနီယာ ရောက်လာထဲက ပြောနေသမျှကို ကြားခဲ့ရပါသည်။ ဘာတဲ့? သူ့ကိုလဲအသိတဲ့!

The Berry Kissesㅣ shenthewजहाँ कहानियाँ रहती हैं। अभी खोजें