uni
"ဂျီမင်း!"
ကြားလိုက်ရသည့် အသံကြောင့် ဂျီမင်းခြေလှန်းတွေကိုရပ်တန့်လိုက်မိပြီး သူ့နာမည်ခေါ်တဲ့လူကိုလိုက်ရှာမိသည်။ သူ၏နာမည်ခေါ်သူကိုလိုက်ရှာလိုက်တော့ ထိုသူသည် အခြားသူမဟုတ်။ ခုဏက သူ့အားမိတ်ဆက်ကာ မိတ်ဆွေဖွဲ့သွားသော ကင်မ်ဒိုဟွန်းဆိုသည့်လူဖြစ်သည်။ထို့နောက် ဂျီမင်းလည်း သူ့ရှေ့တဖန်ပြန်ရောက်လာသောလူအားကြည့်ကာ
"ဟုတ်"
အစ်ကိုဒိုဟွန်းသည် နေရခက်သလို သူ့လည်ပင်းသူပွတ်နေရင်းဖြင့် ဂျီမင်းအားစကားပြောလာခဲ့သည်။
"ညနေ ဂျီမင်း အားလားဟင်"
"ဗျာ! ဘာဖြစ်လို့လဲဗျ"
ဘာလဲ။ ဒီလူငါ့ကို လိုက်တော့မလို့လား။
မဟုတ်သေးဘူးနော်။ တွေ့တာမှ ၁မိနစ်တောင်မပြည့်သေးဘူးလေ။ ငါ့ကိုကြိုက်သွားတယ်တို့ ချစ်မိသွားတယ်တို့တော့လာမလုပ်နဲ့နော်။"ဒီနေ့အစ်ကို့မွေးနေ့လေ အဲ့တာညနေကျ မွေးနေ့ party လေးလုပ်မလို့ အစ်ကိုကဒီကိုရောက်တာမကြာသေးတော့ အပေါင်းအသင်းလည်းမရှိတော့ ဂျီမင်းများလာပေးနိုင်မလားလို့ပါ"
အစ်ကိုဒိုဟွန်းဆီမှ ဖြေရှင်းချက်လို ပြန်ဖြေသံကြားလိုက်ရသည့်အခါမှာတော့ ဂျီမင်းအရှက်ပြေချောင်းဟန့်လိုက်မိသည်။ဒုက္ခပါပဲ ပတ်ခ်ဂျီမင်းရေ။ ဘာတွေကိုလျှောက်တွေးနေရတာလဲဟ။
"အဟမ်း! လာခဲ့မှာပေါ့ဗျ ကျိန်းသေပေါက်လာခဲ့မယ်"
သူ(ဂျီမင်း)လာခဲ့မယ်ပြောလို့ထင် အစ်ကိုဒိုဟွန်းသည် ပျော်ရွှင်သွားကာ သူ(ဒိုဟွန်း)၏လက်တစ်ဖက်ကိုဖြန့်လာခဲ့သည်။ ဂျီမငိးသည် သူ့ရှေ့လက်ဖြန့်ကာ တစ်ခုခုတောင်းဟန်ရှိသော အစ်ကိုဒိုဟွန်းကိုနားမလည်သလိုပြန်ကြည့်မိသည်။
"ဂျီမင်းဖုန်းနံပါတ်အစ်ကို့ကိုပေးလေ နေ့လည်လောက်ကျ အစ်ကို Party လုပ်မယ့်နေရာကို message ပို့လိုက်မယ်"
ဂျီမင်းသည် 'ဪ' ဟုရွေရွတ်လိုက်ပြီး အစ်ကိုဒိုဟွန်းအား ခေါင်းညိတ်ပြလိုက်ကာ သူ၏ဖုန်းကို ကမ်းပေးလိုက်သည်။ထိုအခါ အစ်ကိုဒိုဟွန်းသည် သူ၏ဖုန်းထဲနံပါတ်တချို့နှိပ်ထည့်ကာ callဆိုသည့် အစိမ်းရောင်ခလုတ်ကလေးကို နှိပ်လိုက်တော့ အစ်ကိုဒိုဟွန်း၏ အင်္ကျီအိတ်ကပ်ထဲက ဖုန်းသည် ထမြည်လာလေသည်။
YOU ARE READING
မောင့်Omegaငယ်(မောင့်Omegaငယ်)
FanfictionStart-27.6.2022 End- Jikook Fanfic(omegaverse)