5.2

293 32 3
                                    

Uni

"ဘာဖြေရှင်းချက်မှပေးစရာမရှိဘူး"

ယခု ဂျီမင်း ရဲစခန်းတွင်ရောကိနေခြင်းဖြစ်သည်။ သူနှင့်အတူ ဟိုဘက်အကောင်သုံးယောက်လည်း ပါသည်။

ရဲတွေသည် မေးရင်း သူတို့ရှေ့ရှိ လူငယ်လေးအားကြည့်ရင်း ခေါင်းခြောက်လာရသည်။ ဘာမေးမေး ဘုနဲ့ဘောက်ဖြေနေပုံသည် သူတို့အားလမ်းပျောက်စေသည်။

အမှန်တော့ ဂျီမင်း၏ ဘုနဲ့ဘောက်ဖြေဆိုမှုတွေကြောင့် ရဲတွေလမ်းပျောက်နေခြင်းမဟုတ်တာ ရဲတွေကိုယ်တိုင်သာသိသည်။ သူတို့ရှေ့ရှိ ဘာမထီမျက်နှာပေးနှင့် မှုန်နေအောင်ချောသောလှသော အမျိုးသားသည် ဘုနဲ့ဘောက်မပြောရင်တောင် သူတို့အား အဆုံးမရှိသောလမ်းကိုလျှောက်စေသည့်ဖြစ်တည်မှုမျိုးဖြစ်သည်။

"ဟို..ဒီကညီလေး ဒီဘက်နစ်နာသူရဲ့ကားကိုဝင်တိုက်တယ်ဆိုတာအမှန်ပဲလား"

ဂျီမင်း သူ့ကိုမေးလာသော ရဲ၏အမေးကြောင့်မျက်မှောင်ကျုတ်လိုက်မိသည်။ ဒီလောက်သိသာနေတဲ့ကိစ္စကို ပေါကြောင်ကြောင်နဲ့ ဒီရဲဘာတွေလာမေးနေတာလဲ။ ဂျီမင်း စိတ်မရှည်စွာ

"ဟုတ်တယ် ကျုပ်တိုက်တာ"

"ဘာဖြစ်လို့လဲတိုက်တာလဲ"

"အဲ့ခွေးမသားတွေမေးလိုက်!"

စိတ်တွေမရှည်တော့တဲ့အခါ လေသံတွေသည်တင်းမာလာသည်။ ကျောင်းသွားပြီး ဟိုဂျွန်ဂျောင်ဂုဆိုတဲ့လူနဲ့လည်း စာရင်းရှင်းရအုံးမည်။ စာရင်းရှင်းပြီးရင် အဲ့လိုသူတစ်ပါးအပေါ်ကို မကြည့်ပဲ ကိုယ့်စိတ်အဆင်ပြေဖို့တစ်ခုတည်းကိုပဲကြည့်ပြီး လုပ်ချင်ရာလုပ်သည့် လူမျိုးကိုဝေးဝေးရှောင်မည်။

သူ့မှာလုပ်စရာတွေရှိပါသည်ဆိုကာမှ ပြဿနာ‌သည် သူ့ဆီကိုတည့်တည့်မတ်မတ်ရောက်ချလာသည်။ ရဲတွေသည် ပေရှည်လိုက်လည်း ပြောမနေနှင်။ မပြီးနိုင်သော မေးခွန်းမြောက်များစွာကိုမေးနေသည်မှာ သူတို့စရောက်ကတည်းကပင်။ အခုချိန်ထိ အဲ့ဒီမေးခွန်းတွေမှာသာ ပတ်ချာလည်နေသည်။ နဂိုကတည်းကစိတ်မရှည်တဲ့လူမို့ ဟိုကောင်တွေအပြင် စခန်းတစ်ခုလုံးက ရဲတွေအားရိုက်ချင်နေပြီ။

မောင့်Omegaငယ်(မောင့်Omegaငယ်)Where stories live. Discover now