စုန်းကြောက်တဲ့ဗုံ

98 6 0
                                    

စုန်းကြောက်တဲ့ဗုံ

ဆရာကြီး ဦးမင်းအောင်နဲ့ ဆရာနွံဖတို့နောက်ကို ကျုပ်လျှောက်လိုက်နေတုန်းကဗျ။ကျုပ်ကိုယ်တိုင် ကြုံခဲ့တဲ့ ဖြစ်ရပ်
ကလေးတစ်ခုပေါ့ဗျာ။

ရှမ်းပြည်ဘက်မှာ ရောက်နေတဲ့ ကဝေပျံတစ်ယောက်ကို ဆရာကြီး ဦးမင်းအောင်နှိမ်နင်းလိုက်ပြီးလို့ ကျုပ်တို့ ပြန်အလာမှာ
လမ်းရွာကလေး တစ်ရွာကို ဝင်ပြီး နေ့လယ်စာ ထမင်းစားကြတယ်။ အဲဒီရွာမှာက ဆရာနွံဖရဲ့ တပည့်တစ်ယောက် ရှိတာကိုးဗျ။

ဆရာကြီးနှစ်ယောက်နဲ့ ကျုပ်နဲ့ ထမင်းစားသောက်ပြီးတဲ့အချိန်မှာ ရွာသူကြီး ရောက်လာပြီး ဆရာတွေကို ဖမ်းတော့တာဗျို့။

"သူကြီး ဘာကိစ္စများ ရှိလို့တုံးဗျ"

ဆရာနွံဖက မေးသဗျ။ အရပ်ရှည်ရှည်
ထောင်ထောင်မောင်းမောင်းနဲ့ သူကြီးက ပြောတယ်။

"ဒီလိုပါ ဆရာကြီးတို့၊ ကျုပ် အုပ်ချုပ်ရတဲ့ဒီရွာမှာ ကလေးမလေးတွေ နှစ်ယောက်သုံးယောက် ရှိပြီဗျ၊ အကောင်းသားကနေမူးကြ၊ ဝေကြ၊ အော့ကြ၊ အန်ကြ၊ ဖြစ်ကြတာ။ ကျုပ်စိတ်ထင်တော့ ဒီကလေးမတွေလူပြုစားခံရတယ်လို့ ထင်တယ်ဗျ။

အဲဒါဆရာကြီး တဆိတ်လောက်ကြွပြီး စစ်ဆေးပေးပါဗျာ။
ကျုပ် အိမ်မှာပဲ ခေါ်ထားပါ့မယ်၊
တကယ်လို့ စုန်းကို ဖော်လို့ ရရင်တော့ ဒီ
ရွာမှာ မထားဘူး၊ ရွာပြင်ထုတ်ထားမယ်"

"အင်းလေ ကျုပ်လည်း ကြုံနေမှပဲ လိုက်
ခဲ့မှာပေါ့ သူကြီးရာ"

ဆရာကြီးတွေနဲ့ ကျုပ်နဲ့ သူကြီးအိမ်ရောက်
တော့ သူကြီး ခေါ်ထားတဲ့ ကလေးမလေး
သုံးယောက်နဲ့ သူတို့အမေတွေပါ ရောက်နေကြတာဗျ။

ကလေးမလေးတွေက ဆယ့်လေးငါးနှစ်
လောက်ပဲ ရှိမှာပါဗျာ။ ဆရာကြီး ဦးမင်း
အောင်က ကလေးမတွေကို ဘုရားကန်
တော့ခိုင်းတယ်။ ပြီးတော့ လက်ကို သွေးစမ်းပြီး ရောဂါစစ်တယ်။

"ဟုတ်တယ် သူကြီး၊ ဒီကလေးမတွေ စုန်းပြုစားခံထားရတာ"

"ဟာ ဟုတ်လား ဆရာကြီး၊ ဒါဆိုရင် ပြုစား
တဲ့ စုန်းမကို ဆရာကြီး ဖော်ပေးပါဗျာ"

တာတေ နှင့် မဖဲ၀ါ ပေါင်းချုပ်Where stories live. Discover now