တစ္ဆေလက်သီး

121 6 0
                                    

တစ္ဆေလက်သီး

ဒီနှစ် ရွှေတောင်ဦးဘုရားပွဲက လွှတ်စည်တာဗျ။
ကျုပ် စိတ်ထင်တော့ အနီးအနားရွာတွေမှာ ရွာထဲ
လူမကျန်အောင်ကို လာကြတယ် ထင်တာပဲဗျာ။

ကျုပ်တို့အဖွဲ့တွေမှာ လှည်းဝိုင်းတွေချဖို့ လုပ်ထားတဲ့နေရာနဲ့
မလောက်တော့လို့ ထပ်ပြီးချဲ့ပေးကြရတယ်။

အစားအသောက် ရောင်းတဲ့ ဆိုင်တွေဆိုတာ အစောကြီးကို
ပြတ်ကုန်တာဗျ။ အပိန့်ခေါက်ဆွဲကြော်ဆိုင်ဆိုတာ
သြော်လို့ကို မနိုင်တော့တာဗျို့။

မျက်လှည့်ပွဲမှာရော ဇာတ်ရုံနှစ်ခုထဲမှာရော ကြိမ်ခွေစွပ်တဲ့
ဆိုင်တွေ ဘောလုံးပစ်တဲ့ဆိုင်တွေ အနီတောင်လို့ ခေါ်တဲ့
မြားပစ်တဲ့ ဆိုင်တွေမှာလည်း လူတွေကို ခဲနေတော့တာဗျ။

လူအများဆုံးနေရာကတော့ ဗမာ့လက်ဝှေ့မှာပေါ့ဗျာ။
လုံးတူ ဆိုက်တူတွေကို တွဲပြီး ထိုးခိုင်းရတာဗျ။
တော်တော်များများကတော့ လူငယ်တွေပါပဲဗျာ။
အသက်နှစ်ဆယ်ဝန်းကျင်တွေ ထိုးကြတာများ ရတာပေါ့ဗျာ။

ဒိုင်တွေကတော့ မန္တလေးတို့ မြဝတီတို့ ကော့ကရိတ်ဘက်တို့က
လာကြတာဗျ ။ တောဘုရားပွဲက လက်ဝှေ့ပွဲဆိုတော့လည်း
စင်တွေ ဘာတွေတော့ မပါဘူးပေါ့ဗျာ ။ မြေကြီးပေါ်မှာပဲ
ကြိုးဝိုင်းလုပ်ထား ရတာပေါ့ဗျာ။

ကြည့်တဲ့ ပရိတ်သတ်ကတော့ ကြိုးဝိုင်းလေးဘက်လေးတန်းမှာ
အပြည့်ဗျ။ တစ်ချီ တစ်ချီ ထပ်ပြီး အော်လိုက်တဲ့ အသံကြီးက
ညံထွက်နေတာဗျို့။ ဒီလက်ဝှေ့ပွဲမှာ လူငယ်ချည်း ထိုးတာတော့
မဟုတ်ဘူး ။ ဟိုနယ် ဒီနယ် ရောက်လာတဲ့ လက်ဝှေ့သမားတွေရဲ့
စိန်ခေါ်ပွဲတွေလည်း ပါတာဗျ။ အဲဒီစိန်ခေါ်ပွဲကတော့
တကယ်ကြေးကြီးစားတဲ့ပွဲတွေလည်း ပါတာဗျ။

ဘုရာပွဲကပေးတဲ့ ဆုကတော့ သတ်မှတ်ထားတဲ့
ပွဲတွေအတွက်ပဲ ပေးတာဗျ။ ဒီလို ကြားပေါက်ပွဲတွေကတော့
လောင်းကြေးပေါ်ကနေ အချိုးကျခွဲပြီး ချီးမြှင့်တာ
သိန်းဂဏန်းတော့ ရှိတာများပါတယ် ။ နာမည်ကြီး
လက်ဝှေ့သမားတွေ ဆိုရင် လောင်းကြေးလည်း မြင်သလို
ဆုကြေးလည်း မြင်တာပေါ့ဗျာ ။ နာမည်သိပ်မကြီးတဲ့
လက်ဝှေ့သမားကတော့ လောင်းကြေးလည်း နိမ့်သလို
ဆုကြေးလည်း နိမ့်တာပေါ့ ။

တာတေ နှင့် မဖဲ၀ါ ပေါင်းချုပ်Where stories live. Discover now