4

137 20 3
                                    

''ကျွန်....ကျွန်တော် ဒီနားမှာ ရေသန့်ဘူးခဏ သွားဝယ်လိုက်ဦးမယ်''

Snတစ်ယောက် ဒီနေရာမှာဆက်နေဖို့ ဘယ်လိုမှမဖြစ်နိုင်တော့သဖြင့် ချက်ချင်းအကြောင်းပြချက်ရှာကာ ထပြေးသွားလေတော့၏ ။

ထိုအခါမှ jake က sh အား

'' အရင်ကလို ပြောင်တတ် နောက်တတ်တဲ့ sh ပြန်လာပြီပဲ ။ ဆိုပါဦး မင်းသူ့ကို စိတ်ဝင်စားနေတယ်ပေါ့''

''မဟုတ်ပါဘူး သူကစလို့ကောင်းတယ်ကွ သူစရရင်ကောင်းတယ် သူများစရင် အဲ့လိုထွက်ပြေးရော''

ဆိုပြီး Shတစ်ယောက် သဘောတကျပြုံးလျက် ပြန်ဖြေ၏ ။

''နေပါဦး ဘယ်လိုဖြစ်လို့ အရင်ကငါကပြန်လာရမှာလဲ ငါကအမြဲတမ်း တစ်ယောက်တည်းဟာကို''

'' မဟုတ်ပါဘူး မင်း Dr. HSထွက်သွားထဲက အချိုးပြောင်းသွားတာလေ အရင်ကဆို ရယ်ရယ်မောမော သုံးယောက်ဆုံရင် အမြဲပါးစပ်မစိရတာကို မင်းရုတ်တရက်ကြီးပြောင်းလဲသွားတာလေ အကြောင်းရင်းလဲမယ်မယ်ရရ မရှိဘဲ ။ မေးလို့မြန်းလို့လည်းမရလေ''

ထိုအခါမှ Shတစ်ယောက်ငြိမ်သက်သွား၏ ။
ဟုတ်၏ ။ မေ့ဖျောက်လို့မရသည့်တိုင် မေ့ပျောက်ချင်ခဲ့သည့်လူသား ။ နောက်ဆုံး သတိမရပဲနေနိုင်သွားသည့်အချိန်မှာတောင် တိုက်ဆိုင်မှုရှိရင် လွမ်းမိသည့် ထိုလူသား ။ အဆင်ပြေရဲ့လား လို့မ​မေးချင်ပေမဲ့ အဆင်ပြေပြေနေနေရင် ကောင်းမယ်လို့ အမြဲတွေးပေးနေမိဖူး၏။ သူ့အပေါ် ထိုမျှ စိုးမိုးနိုင်သော ထိုလူအခုဆို ဘယ်နေရာမှာရှင်သန်နေမလဲ ဆိုတာကိုပင် မသိချင်တော့ ။

''ဘာပဲဖြစ်ဖြစ်ပါ အခုမင်းကိုဒီလိုပုံစံမြင်ရတာ တကယ်ဝမ်းသာတယ် မင်းကသာ မကြိုက်ဘူး ၊ မဟုတ်ဘူး ပြောနေပေမဲ့ မင်းပုံစံကအရမ်းသိသာနေတယ်နော် ကိုယ့်လူ''

Jake စကားကြောင့် shတစ်ယောက် အသည်းအသန်ငြင်းကာ

''ဟာ မင်းကလည်း မဟုတ်ပါဘူးဆိုနေ တကယ်သူကစလို့ကောင်းလို့ပါဆိုနေမှ ''

''အေးပါ ငါကတော့ချစ်ခြင်းအစ စနောက်ခြင်းကဆိုတဲ့ အချစ်ဇာတ်လမ်းလေးကို ကိုယ်တွေ့မြင်ရတော့မယ်ထင်ပါတယ် ''

You've reached the end of published parts.

⏰ Last updated: Jun 26, 2023 ⏰

Add this story to your Library to get notified about new parts!

What ifWhere stories live. Discover now