2

131 21 1
                                    

အချိန်ကိုက် ပြန်ရောက်လာတဲ့ Jwကို Shကေျးဇူးတင်မိသည် ။ မဟုတ်ရင် Shတစ်ယောက် ဒီချာတိတ်နဲ့ ဘယ်လို ဆက်နေရမလဲမသိတော့ပေ ။

''Hyung ကျွန်တော် jay hyung တို့နဲ့ လမ်းထိပ်မှာတွေ့ခဲ့တယ် သူတို့အဲ့ဒီကနေပဲစောင့်နေတော့မယ် ထွက်လာခဲ့ပါတဲ့''

''အင်း ဒါဆို Hyungသွားပြီနော်''
ဆိုကာ မျက်နှာရဲပြီး အလျင်စလိုထွက်သွားတဲ့ အကို့ကိုကြည့်လိုက်တာနဲ့ Snတစ်ခုခု မဟုတ်တာလုပ်လိုက်ပြီဆိုတာကို Jwတန်းရိပ်မိ၏ ။

"မင်းဘာလုပ်လိုက်တာတုန်း Hyung မျက်နှာကိုရဲလို့''

''သိချင်ရင် ပြန်ရောက်မှ ကိုယ့်အကိုကို မေးကြည့်ပေါ့''

ဆိုတဲ့ Snစကားကို မလွယ်ကြောပါလားဒီကောင်ဆိုတဲ့ အတွေးနဲ့ Jwခေါင်းရမ်းမိ၏ ။

______________________________________

ကားအပေါ်အရောက်

'' Hyg မင်းမျက်နှာကဘာဖြစ်တာလဲ ''

ဆိုတဲ့ jake စကားကို

''အေးလေ မသိရင် လမ်းထဲက ကလေးအုပ်စု ဝိုင်းပြီးအဖြေတောင်းလိုက်လို့ ရှက်နေတာကျနေတာပဲ''
ဆိုတဲ့ Jayက ဝင်ဖြည့်စွက်နေ၏ ။

''မဟုတ်ပါဘူး ဒီတိုင်းရာသီဥတုက အေးလို့ နီစက်စက်ဖြစ်နေတာပါ''လို့ Shပြန်ဖြေမိ၏ ။

အမှန်အတိုင်းဖြေရင် တစ်လမ်းလုံးမက တစ်ချိန်လုံးစနေတော့မည် ဖြစ်တဲ့ Jay နဲ့ Jakeအကြောင်း သူအသိဆုံးမို့ပင် ။

____________________________

အိမ်၌
''ငါ့ကို Hyungကြိုက်တာတွေပြောပြဦးလေကွာ''

''မင်းတစ်နေကုန် နားထောင်ရတာ မဝပေမဲ့ ပြောရတဲ့ငါမောတယ်ကွ နေ့တဝက်တောင်ရှိနေပြီ အကြောင်းတွေလဲစုံနေပြီလေကွာ တော်ပါတော့''

''မင်းကလဲ ရက်စက်လိုက်တာ''

''ဒါဆို နောက်ဆုံးတစ်ခုပြောပြမယ် Hyungကလေ အမောသိပ်မခံနိုင်လို့ အားကစားသိပ်မလုပ်ဘူး ဒါပေမဲ့သူက ကျန်းမာရေးနဲ့ညီညွတ်အောင်စားတော့ အထူးတလည် လေ့ကျင့်ခန်းလဲလုပ်စရာ မလိုဘူး''

''ဒါဆို ဒီနေ့ကစပြီး ကိုကို့အတွက် ဟင်းချက်နည်းတွေ အဓိကထားပြီးလေ့ကျင့်မှဖြစ်တော့မယ်ထင်တယ်''

What ifWhere stories live. Discover now