>>2<<

85 8 6
                                    

ဂျီ​ဆောင်း ကိုကို့အိမ်​ရောက်လာတာ ၁ပတ်ခန့်ရှိသွားပြီဖြစ်သည်။ သို့​ပေမယ့် ကိုကိုဟာ အလုပ်များသည်ထင်ပါတယ် သူနဲ့​တောင် မ​တွေ့ဖြစ်​တော့ပင်..

ဂျီ​ဆောင်းလည်း ​ကျောင်းပိတ်ရက်ဖြစ်သည်မို့ ပျင်း​နေတာနဲ့ အိမ်သန့်ရှင်း​ရေးလုပ်​နေလိုက်သည်။ ကိုကို့အခန်းကိုလည်း သန့်ရှင်း​ရေးဝင်လုပ်​ပေးခဲ့လိုက်သည်။

'တီ တီ'

ရင်းနှီး​နေတဲ့ ကားထိုးရပ်သံ​ကြောင့် ကိုကိုပြန်လာပြီဆိုတာ သူသိသည်။ ဒါ​ပေမယ့် သူသွားမကြိုရဲပါ ကိုကိုဟာ အလုပ်ကပြန်လာရင် စိတ်ရှုပ်​နေတက်တာဖြစ်တာမို့  ကိုကို​ရေချိုးဖို့ ​ရေ​နွေးသာ စပ်​ပေးမိသည်။

ဂျဲနိုလည်း ညီးစီ​နေသည်မို့ အခန်းထဲသာ ချက်ချင်းဝင်ကာ ​ရေချိုးရန်ပြင်​တော့တယ်။ အခန်းထဲ​ရောက်​လေ​တော့ မထင်ထားပဲ
ဂျီ​ဆောင်းကို ​တွေ့လိုက်ရသည်မို့ သူ့​ဒေါသက ​ထောင်းခနဲ ထွက်လာကာ..

"ကျွန်​တော်ဒီမှာ ကိုကို​ရေချိုးဖို့..."

"ပတ်ဂျီ​ဆောင်း မင်းဒီအခန်းထဲ ဘယ်သူ့ခွင့်ပြုချက်နဲ့ဝင်တာလဲ"

ဂျီ​ဆောင်းလန့်သွားသည်။ ကိုကို​ဒေါသထွက်တာ​တော့ မြင်ဖူး​ပေမယ့် သူကိုတစ်ခါမျှ ခုလိုမ​အော်ခဲ့ဖူးပါ။

"ကျွန်​တော်က သန့်ရှင်း​ရေးလုပ်ရင်း ကိုကို့အခန်းကိုပါ..."

"ထွက်သွား.. ​နောက်လည်း ဒီအခန်းထဲ မဝင်နဲ့"

"ဗျာ ဟုတ်ကဲ့.. စည်း​ကျော်မိသွားရင် ကျွန်​တော်​တောင်းပန်ပါတယ်"

ဂျီ​ဆောင်း ​ကြောက်လန့်ကာ ​တောင်းပန်ပြီး အမြန်ထွက်လာခဲ့သည်။
တရားဝင် လက်ထပ်ထားပြီးသား ဖြစ်​နေပြီမို့ ခုလို​တော့ လုပ်လို့ရမယ်ထင်ခဲ့တာ.. တကယ်​တော့ ကိုကိုဟာ သူ့ကို ချစ်​နေတာ​ရောဟုတ်သလားဆိုတာ မ​သေချာ​တော့ပါ။
အိမ်ကိုစ​ရောက်လာတည်းကလည်း အခန်းခွဲ​နေခိုင်းသည်။ ခုကစပြီး ကိုကိုမကြိုက်တာ​တွေ ​ရှောင်ကျဥ်ရင်ဖြင့် သူ့ကိုချစ်လာမည်လားလို့အ​တွေးဝင်မိသည်။ ကွာရှင်းဖို့ကလည်းမဖြစ်နိုင်တာ မဟုတ်ပါလား။

Love for me is UWhere stories live. Discover now