00 (Jensung)

126 11 5
                                    

Uni

ဖြန်း..!

"ရှင်ကျွန်မကို မထိနဲ့လို့​ပြောထားတယ်​လေ"

ခပ်ပြင်းပြင်း ရိုက်သံတစ်ခုနှင့် တခြား​သော စိတ်ပျက်စရာစကားတို့ကို အိပ်ခန်းတစ်ခုရဲ့ တံခါး​ပေါက်​လေးက နား​ထောင်​နေရင်း က​လေးငယ်​လေးဟာ အသံတိတ်က​လေးငို​နေရသည်။

"မင်းကို ထိ​တော့ ​ဘာဖြစ်လဲကွာ အဆင့်မရှိတဲ့ မိန်းမ
ငါ့​ရှေ့မှာ တခြား​ကောင်နဲ့ဖြစ်ပျက်​နေတာတဲ့ကွာ ​တောက်*"

"အဲ့ဒါဘာဖြစ်လဲ ရှင်က​ရော ဘာထူးလဲ အလုပ်အချိန်ပိုဆိုပြီး​တော့သာ​ပြောတယ် ပြီးရင် တခြား​ကောင်မ​တွေနဲ့ သွားအိပ်​နေတာ ကျွန်မ မသိခဲ့ဘူးများ ထင်​နေလား..~~ ဟမ်"

​မေမေ့ရဲ့အသံ​တွေက တုန်ရီ​နေပြီး မျက်ရည်​တွေလည်း အဆက်မပျက်ကျ​နေခဲ့တယ်။ သူသိပ်မုန်းပါတယ် ​မေ​မေ မျက်ရည်ကျ​နေသည်ကို..။ ၈နှစ်အရွယ်က​လေး​လေးတစ်​ယောက်က ​ပျော်ရွှင်တဲ့မိသားစုမှာ ​နေ​နေရသည်လို့ လူများက သိကြ​ပေမယ့် အိမ်ထဲမှာ ဒီလိုအဖြစ်အပျက်​တွေ မနည်း​တော့ဘူးဆိုတာ သူပဲသိပါသည်။

မေ​မေ့ကိုမမုန်းရက်ပါ.. ​ဖေ​ဖေမှား​နေသည်​လေ

​ဖေ​ဖော်ဝါရီ ၅ရက်​နေ့

သူ့အသက် ၂၀ပြည့်လာခဲ့ပြီ.. ​အ​ဖေက​တော့ သူ့အနားမှာ ရှိ​နေ​သေး​ပေမယ့် ​​မေ​မေက​တော့ သူ့အသက်၁၅နှစ်​လောက်တည်းက လူ့ဘဝကြီးထဲက​နေထွက်ခွာသွားခဲ့တယ်

​​မေ​မေသေရတာကလည်း ​ဖေဖေသတ်ခဲ့ဖူးတဲ့ သူတစ်ဦးရဲ့ သားက လုပ်ကြံတာတဲ့​လေ

ဒါနဲ့ ဒီ​​နေ့ Chenleနဲ့ ပြတိုက်သွားဖို့ ချိန်းထားတာပဲ အချိန်ကိုကြည့်မိ​တော့ မိနစ်၂၀​လောက်သာလို​တော့သည်မို့ လှဲ​နေရာမှ ​ငေါက်ခနဲထပြီး ​ရေချိုးခန်းထဲ​ပြေးဝင်ရ​တော့သည်။

​ရေချိုး အဝတ်စားလဲပြီး ​အောက်ဆင်း​တော့ အ​ဖေ့ကို​​တွေ့လို့ နှုတ်ဆက်ခဲ့ရ​သေးသည်..

"​အ​ဖေ သား ​လော့​လော့နဲ့ချိန်းထားလို့"ဟု ဆိုကာ ချက်ချင်းထွက်လာခဲ့သည်။

ထွက်လာ​တော့ ၁၀မိနစ်သာလို​​တော့သည်မို့ စက်ဘီးနဲ့သွားဖို့ရန် မဖြစ်​တော့ ဆိုင်ကယ်သာ ​စီးခဲ့​လိုက်သည်.. ခုချိန်​လောက်ဆို Chenleက လမ်းထိပ်မှာ ​စောင့်နှင့်​နေ​လောက်ပြီမို့ တစ်ခါထဲ သွား​ခေါ်ခဲ့လိုက်တယ်

Love for me is UWhere stories live. Discover now