Description

5.7K 27 1
                                    

ကျွန်မမှာအစ်ကိုအရင်းနှစ်ယောက်ရှိတယ်
ကျွန်မတို့အမေက အစ်ကိုနှစ်ယောက်ကိုအရင်မွေးပြီးသုံးနှစ်ကြာမှကျွန်မကိုမွေးဖွားခဲ့တာဖြစ်တယ်။ကိုကြီးနဲ့ကိုငယ်နဲ့ကအမွှာတွေ...
နှစ်ယောက်လုံးမှာကိုကြီးကဉာဏ်ကောင်းတော့အထက်တန်းမြန်မြန်အောင်ပြီးတက္ကသိုလ်တက်နေကာဖေဖေ့ရဲ့စီးပွားရေးတချို့‌ကိုတောင်ဦးစီးနေနိုင်ပြီဖြစ်တယ်။ကိုငယ်ကတော့အခုထိဆယ်တန်းကိုခနခနပြန်တက်နေတုန်းပင်။

ကျွန်မရဲ့အစ်ကိုနှစ်ယောက်မှာဘယ်သူကပိုချောသလဲပြောရရင်တော့သေချာပေါက်ကိုငယ်ကိုဖြေမိမှာပင်။ကိုငယ်ကိုချောတယ်ပြောလို့ကိုကြီးက
မချောဘူးဆိုလားတော့ဖြင့်မဟုတ်ပြန်။

ကိုငယ်ကတစ်ခေါင်းလုံးကိုခဲငွေရောင်များဆိုးထားပြီးဘယ်ဘက်နားပေါက်ကိုလည်းအများကြီးဖောက်ထားကာနားကပ်အများကြီးတပ်လေ့ရှိတယ်။ဒါတင်မကလျှာမှာလည်း *Tongue Piercing တပ်ထားသေးတယ်။ကိုငယ်ရဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်ရုံနဲ့တင်ကိုငယ်ကအရမ်းအရမ်းဆိုးမှန်းလူတော်တော်များများမ‌ေပြာဘဲသိကြပါတယ်။မိန်းကလေးတွေကခပ်ဆိုးဆိုးကောင်လေးတွေကိုပိုကြိုက်တာကြောင့်ကိုငယ်ကကျောင်းမှာလည်းအတော်နာမည်ကြီးတယ်။

ကောင်း‌တဲ့နာမည်ကြီးခြင်းမျိုးတော့မဟုတ်။ကိုငယ်ကရည်းစားရှုပ်တယ် ဆေးလိပ်သောက်တယ် ရန်ပွဲတိုင်းလည်းပါတတ်သေးတယ်။ပြောရရင်ကျောင်းကလူဆိုးခေါင်းဆောင်လိုဖြစ်နေသည့်အတွက်ဆရာများကကိုငယ့်ကိုအမြင်မကြည်ကြ။အမြင်မကြည်‌ေပမယ့်လည်းထုတ်မပြောရဲကြ။ဘာလို့လည်းဆိုတော့ကျွန်မတို့အိမ်ကတော်တော်လေးပိုက်ဆံချမ်းသာပြီးအာဏာလည်းရှိတယ်။ထိုကြောင့်ကိုငယ့်ကိုမကျေနပ်သူများမှာပါးစပ်ပိတ်ပြီးထိုင်ကြည့်နေရုံသာတတ်နိုင်‌ေတာ့တယ်။

ကို‌ကြီးအကြောင်းကိုပြောရမယ်ဆိုလျှင်ကိုငယ်နဲ့အကုန်ဆန့်ကျင်ဘက်ပေ။ကိုကြီးကစာတော်တယ် မိဘတွေကိုသိတတ်တယ် ချိုသာပြီးနူးညံ့တယ်။ရုပ်ရည်ကတော့ကိုငယ်လောက်မချောပေမယ့်ကိုငယ်ထက်လည်းမနိမ့်ကြချေ။ကိုငယ်ကခပ်မိုက်မိုက်ချောတယ်ဆိုကိုကြီးကတော့ရုပ်ရည်တည်ကြည်ပြီးခံညားတယ်လို့ပြောရမှာပေ။

မဆိုးပါနဲ့ကိုကိုတို့!Where stories live. Discover now