အကယ်၍ ပြန်ဆုံဖြစ်ခဲ့ရင်.....🍂

92 8 4
                                    

တောင်စောင်းတစ်နေရာဆီငေးရင်း အဝေးဆီ
မှ ရထားဥဩဆွဲသံကို ကြားရသည်။ထို့နောက် မီးခိုးတလူလူထွက်နေသော ရထား
မှာ တောင်စောင်းတစ်လျှောက်ရွေ့လျားနေ လေသည်။

သူမှီတွယ်နေမိသော အပင်ဆီမှ ရော်ရင့်ရင့်သစ်ရွက်လေးတစ်ရွက် ကြွေကျလာခဲ့သည်။

မဖြစ်နိုင်မှန်းသိနေရက်နှင့်တောင် ဖြစ်လိမ့်မည်ဟူ‌သောအတွေးနှင့်၊ဖြစ်ပါစေဟူသောအ‌ တွေးတို့က ကိုယ်ပိုင်အသိစိတ်ကိုလှည့်စား နေပြန်သည်။

ကိုယ့်ကိုယ်ကိုယ်လိမ်ညာနေမိသည့် လှည့်စားမှုတစ်ခုသာဖြစ်ကြောင်း ကိုယ်တိုင်သာအသိဆုံးဖြစ်လေ၏။

မှတ်ဉာဏ်ပေါင်းများစွာ သိုမှီးရာ အတိတ်၏ နေ့ရက်များသည် အသိစိတ်၏ ကုစားရာ
ဆေးပမာဖြစ်သော်လည်း တစ်ခါတလေ
တမ်းတရင်း စွဲလမ်းမှန်းမသိစွဲလမ်း‌နေတတ်သော ဒဏ်ရာလေးတစ်ခု ဖြစ်နေပြန်သည်။သို့သော် တစ်စုံတစ်ယောက်ပါဝင်သော သီးသန့်မှတ်ဉာဏ်အပိုင်းလေးကိုတော့ နာကျင်စရာဟု ဘယ်တော့မှသတ်မှတ်ဖြစ်မည်မဟုတ်ပါ။

အတိတ်ကို တစ်ကြိမ်ပြန်ပြောင်းတွေးကြည့်တိုင်း အမှတ်ရစရာ မှတ်ဉာဏ်လေးသည် ဝေဒနာကုစားရာဆေးတစ်ခွက်သာ ဖြစ်မည်ဆိုလျှင် ထိုအတိတ်သည် ဘဝတစ်လျှောက်လုံးအတွက် အလှဆုံးပန်းခင်းလေးတစ်ခင်း
ပျိုးနိုင်ခဲ့ခြင်းပင်။လိုအပ်လျှင် ချိုမြိန်လတ်ဆတ်သော ရနံ့ကို ရှူရှိုက်နိုင်သည်။
အလှဆုံးမဟုတ်‌သော်လည်း စိတ်အအေးချမ်းဆုံးရှုခင်းပန်းချီကားတစ်ချပ်ကိုမြင်ယောင်ရင်း အတွေးထဲကြည့်ရှုနိုင်သေးသည်လေ။

နွေလေပြည်က တစ်ချက်မျှတိုက်ခတ်လာသည့်အခါ ကျန်ရစ်နေသော ဝါဖန်ဖန်ရွက်တို့မှာတဖျတ်ဖျတ်လှုပ်ရှားသွားကြသည်။ ဘယ်ဘက်ပခုံးဆီသို့ ကြွေကျလာတော့မည့်သစ်ရွက်ခြောက်တို့သည် လေနှင်ရာအတိုင်း ဟိုသည်လည်လျှက် မြေပြင်သို့ ဦးခိုက်သွားရသည်။အညှာမခိုင်တော့သော ရော်ရွက်ဝါတို့သည်လည်း လေဦးတည့်ရာ လွင့်မျောကုန်ကြပြီ။

မမေ့နိုင်သေးသော ရင်ဘတ်တစ်နေရာဆီမှ
ပုံရိပ်တို့ကသာ .... အမြဲတမ်းစစ်မှန်နေခဲ့သလား....။သို့သော် သူကတော့ဤနေရာတွင်
မပြောင်းလဲဘဲ ထာဝရရှိနေအုံးမည်သာ။

One ShotsWhere stories live. Discover now