ကြင်သူရယ်...ငယ်ချစ်တွေမို့

456 23 40
                                    


★Unicode★

" ရှင်မတောင်ဆိုတာ တစ်ယောက်လိမ်းရင် တစ်အိမ်လုံးမွှေးတယ်တဲ့။ မင်းလိမ်းတော့ ငါပါ မွှေးချင်လာရော မင်းပါးကိုလေ.... "

( ၁ )

နှင်းမှုန်လေးများ ကွယ်ပျောက်လုလုဖြစ်နေ၍
နွေကာလလည်း မကြာခင်ရောက်ပေတော့မည်။ အပင်ပေါ် မှ စိမ်းလဲ့လဲ့သစ်ရွက်များသည် ဝါလွင်လွင်မှသည် တဖန်
ညိုကျင်ကျင်ဆီသို့ ပြောင်းလဲစပြုနေပြီ။

ယခင်ကဖုန်လုံးတလိမ့်လိမ့်နှင့် မောင်းနှင်ရသော လှည်းလမ်းကလေးသည် ယခုတော့ဖြင့် ကားလမ်းကလေးပေါက်ကာ ဟိုသွားသည်လာပြုလျှက်စိုစိုပြည်ပြည် ရှိလာခဲ့ပြီ။ သနပ်ခါးခြံရွာမှ လမ်းခွဲ ကားဂိတ်အထိ ယခင်ကလှည်းများဖြင့်သာ သွားလာနေကျ ။ သို့သော် ကားလမ်းပေါက်လာချိန်တွင်
ကားကြီးကားငယ်များက မြေနီတစ်ဝက်
ကတ္တရာတစ်ဝက်ဖြစ်နေသည့် ထိုမြေနီ
ကတ္တရာလမ်းအတိုင်း ဝင်ဝင်ထွက်ထွက် သွားလာနေကြပြီ ဖြစ်၏။

သနပ်ခါးခြံရွာလမ်းလေး မည်မျှပင်ပြောင်းလဲတိုးတက်နေပါစေ မပြောင်းလဲသေးသည့် တစ်စုံတစ်ယောက်သည်
ဘိုးဘွားပိုင်နွားလှည်းကလေးကို စွဲစွဲမြဲမြဲ မောင်းနှင်နေတုန်းပင်။

ထိုသူသည်ကား......

" အမေ့! သောက်ပလုတ်တုတ် !!! "

" . ........"

" မတိုးတက်ကောင်!!! ရပ်! ရပ် မင်းလှည်းကို အခုချက်ချင်း ရပ် !! "

အသည်းအသန် ခဲမှန်သလို ချက်ချင်းလှည်းရပ်ခိုင်းနေသူကို တိုးတက်မောင်သည် လှည်းမောင်းနေရင်းနှင့်ပင် ဘုကြည့်ကြည့်လိုက်မိ၏။

" ဘာလဲ သနပ်ခါးခြံကုန်းရောက်ဖို့ အဝေးကြီး လိုသေးတယ်နော် "

" ဝေးဝေးမဝေးဝေး အခုချက်ချင်းလှည်းရပ်ပေး ! "

" ဟ ဘယ်ဖြစ်မလဲ အဘက ငါ့ကိုအသေအချာကြိုခိုင်းထားတာကို မင်းကိုလမ်းလျှောက်ခိုင်းလို့ မဖြစ်ဘူးလေ "

" မင်းဘာမင်း ဘာနေနေ ငါသည်းခံမခံနိုင်တော့ဘူး လမ်းလျှောက်ပြန်မယ် "

တကယ်လျှောက်မည့်ပုံ ပေါ်နေသည့် စိန်မျောက်မျောက်ကြောင့် တိုးတက်မောင်သည် လက်နှစ်ဖက်လုံးမအားသည့်ကြားမှလှမ်းဆွဲ ထားရသည်။

One ShotsWhere stories live. Discover now