part 3

1.2K 58 0
                                    

လေတွေတစ်ချက်တစ်ချက်တိုက်လိုက်တိုင်းမှာ အေးစက်နေခဲ့ပေမဲ့ ချစ်ရသူရဲ့လက်ကိုတွဲ ထားတော့ ရင်ထဲမှာတသိမ့်သိမ့် မောင့်ရဲ့လက်ကိုတွဲကာ မောင့်နောက်သို့ကောက်ကောက်ပါအောင်လိုက်ပါတော့မည် ချစ်ရတဲ့မောင်ကလဲ လက်ကိုမလွှတ်တမ်းဆွဲထားလိုက်တာ ......ရင်တွေတဒိတ်ဒိတ်ခုန်နေရင်း....... ကွန်ဒိုတစ်ခုဆီရောက်တာတောင်မသိလိုက်

"ကိုကို ရောက်ပြီ"

"အာ အင်း"

"ကျန်းချန်ကူညီပေးတာလေ ဒီမှာနေလို့ရတယ် "

"အင်း"

"ကိုကို ဒါက မီးဖိုခန်း ဒါကဧည့်ခန်း ဘုရားခန်း"

"နောက်ထပ်အရေးကြီးတဲ့အခန်းရှိတယ် "

ကိုကို့လက်ကိုဆွဲကာအိပ်ခန်းလေးဆီသို့

ရှောင်းကျန့်တစ်ယောက်မျက်လုံးဝေ့ကြည့်မိသည် အဖြူရောင်ပိတ်စပေါ်မှာနှင်းဆီပန်းပွက့်ချပ်တွေခင်းထားတာ

"ဟွန်း ဒီလိုလဲ ro တတ်တာပဲလား"

လေထုကအေးစက်သွားခဲ့သည် အခန်းထဲမှာအပူရှိန်တောင်မရှိတော့ ထိုချိန်ထွက်ပေါ်လာတဲ့မောင့်အသံကြောင့် ရှိန်းခနဲ ထိုးတက်လာတဲ့ အပူတွေ

"ကိုကို"

"ဘာလို့မှန်းမသိ ရှက်နေတဲ့ကိုကို့ ကို လက်မောင်းလေးကိုကိုင်ကာ ကိုယ့်ဘက်ကနေဖြည်းဖြည်းချင်းလှည့်ပြီး စကားစလိုက်တယ် ချစ်ရတဲ့လူသာလေးက ရှက်ပြုံးလေးပြုံးကာ "အင်း"လို့တစ်လုံးထဲပြောပြီး ရင်ခွင်ထဲကိုမျက်နှာဝှက်ထားလေရဲ့...............

ချစ်ရတဲ့မောင်ကစကားစလာတယ် "မောင့်ကိုဒီညခွင့်ပြုမယ်မလားဟင်"တဲ့ မငြင်းတော့ပါဘူးမောင်ရယ် မောင့်ကိုချစ်လို့မောင့်လက်ကိုတွဲပြီး ခိုးရာလိုက်ခဲ့တာပဲ...........

အရှက်သည်းနေတဲ့လူသားလေးကို နှုတ်ခမ်းလေးကနေအနမ်းတွေစတင်လိုက်တယ် ထို့နောက်လည်တိုင်လေးတွေဆီကိုတဖြည်းဖြည်း ဆင်းလာကာ အပိုင်တံဆိပ်ခတ်တဲ့အနေနဲ့ သွားလေးနဲ့ကိုက်လိုက်တော့

"အာ့ "

တိုးတိုးလေး လုံးဝတိုးတိုးလေးပါပဲ ဒါပေမဲ့အဲ့အသံလေးကြောင့် စိတ်တွေကိုကယောင်ချောက်ခြားဖြစ်စေတယ် အသက်ရှူတောင်မြန်လာတဲ့အထိ

သားရဲ့ daddy ပြန်လာပြီ (Complete)Where stories live. Discover now