🦋အချစ်ဦး🦋🍀
.
မွေးနေ့တုန်းက Jimin ခေါ်လာဖူးလို့သာ ......။
တကယ်တော့
ဒီလမ်းတွေကို ကျွန်တော်သိပ်မမှတ်မိဘူး။
တန်းတန်းမတ်မတ်တော့မဟုတ်ပေမယ့် ရောက်လာခဲ့တာကိုပဲကျေးဇူးတင်ရမယ်။Taehyung
တံခါးက လူခေါ်ဘဲလ်ကို နှိပ်ဖို့
ချီတုံချတုံဖြစ်နေတုန်း ....." ခင်ဗျား!
ကျွန်တော့်အမေကို လက်မပါနဲ့!!""ဒါဆိုငါတောင်းတဲ့ ပိုက်ဆံကို
ခုပေးလိုက်လေ""အဲ့တာ အငယ်လေး ကျူရှင်တက်ဖို့ ပိုက်ဆံလို့ ပြောပြီးပြီ"
"တောက်!"
ဝုန်းခနဲအသံတွေကြားထဲ
ကလေးတစ်ယောက်ရဲ့ အော်ငိုသံတွေကြားတယ်။
အထဲဝင်ပြီး Jimin ကို
ဆွဲခေါ်လာချင်ပေမယ့်
မိသားစုကိစ္စမို့ဝင်မပါသင့်ဘူးမဟုတ်လား။"သားငယ်!"
ရုတ်တရက် Jimin အမေရဲ့
အလန့်တကြားအော်သံက
ကျွန်တော့်ရဲ့ ဆင်ခြင်နိုင်စွမ်းတွေကို အဆုံးစွန်ထိဆွဲချသွားတယ်။
ဒါဟာ မိသားစုကိစ္စမို့လျစ်လျူရှုထားချင်ခဲ့ပေမယ့်
သူ တစ်စုံတစ်ခုဖြစ်နေမလားဆိုတဲ့ စိတ်က အားသာနေခဲ့တာမို့လို့။တံခါးဖွင့်ရင်း အလန့်တကြား ပြေးဝင်သွားတော့ Jimin အမေလို့ ယူဆရတဲ့အမျိုးသမီးက တံခါးဘေးမှာလဲကျနေတဲ့ Jimin ကို ပွေ့ထားပြီးငိုယိုနေခဲ့တယ်။
တွန်းလိုက်တဲ့အရှိန်ကြောင့် တံခါးဘောင်နဲ့ဆောင့်ပြီး Jimin ရဲ့နာကျင်လွန်းလို့ ရှုံ့မဲ့နေတဲ့မျက်နှာက မျက်ရည်တွေနဲ့။
"Jimin! "
"မထိနဲ့~...... ငါ့လက်ကိုမထိပါနဲ့ထယ်ရယ်.... ငါနာလို့ပါ"
ငိုရှိုက်ရင်းပလုံးပထွေးပြောနေတဲ့ Jimin ပုံစံက အားနည်းဖျော့တော့လွန်းလို့ အတိတ်တွေပြန်တူးဆွတိုင်း ကျွန်တော့်ရင်ကို
နာနာကျင်ကျင်လှုပ်ခတ်နေတုန်းပါပဲ။"ဆေးခန်းသွားရအောင်"
"ငါမထနိုင်ဘူး~"
"ငါချီမယ်လေ
ငါဂရုစိုက်ပြီးချီပါ့မယ်"
![](https://img.wattpad.com/cover/332269789-288-k914886.jpg)
YOU ARE READING
အပိုင်းအစတစ်ချို့
Fanfictionဝေးပဲသွားတော့မလိုလို ခုပဲနီးလာတော့မလိုလိုနဲ့ သောက်ဇယားမရှုပ်စမ်းနဲ့ ParkJimin!!!!..... KimTaeHyung ဆိုတဲ့ ငါ့ကိုပဲရွေး ငါ့မျက်နှာတစ်ခုထဲကိုပဲကြည့် ငါ့တစ်ယောက်ထဲကိုပဲ မိုက်မိုက်ကန်းကန်းချစ်စမ်းပါ။