Part - 1

2K 135 6
                                    

🍂အတိတ်🍂

(ပြန်မဖွင့်ချင်တော့တဲ့ ဒိုင်ယာရီလေးကိုဗျာ... စာရေးသူက အတင်းအကြပ် ဖိအားပေးလာပြီး ကျွန်တော့်ရဲ့ နာကျင်မှုတွေကို
ခင်ဗျားတို့မြင်အောင် ပြချင်ခဲ့ပုံပဲ။ မထူးတော့ပါဘူး။
တစ်ရွက်ချင်းလှန်ပြီး ပြန်သွားကြည့်ကြမလား။ဒါဆိုကော်ဖီတစ်ခွက်နဲ့စောင့်နေပေးလေ။အခါးနည်းနည်းပိုထည့်ပြီး။

🍂KimTaeHyung🍂)

/အချစ်ဦးနှင့် ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း/

"KimTaeHyung!!!
မင်းစည်းကျော်ပြန်ပြီ
ဟိုဘက်ပြန်တိုး!"

" ဟ!
စွာလှချည်လား
ခုံကဒီလောက်ကျပ်နေတာ
နည်းနည်းတော့ကျော်မိမှာပေါ့
စာအုပ်စွန်းလေးတော့ရောက်မှာပဲ
မကျေနပ်ဘူးလား"

"အေး! မကျေနပ်ဘူး"

"မကျေနပ်တော့ဘာဖြစ်ချင်လဲ?
ပိုးဟပ်ဖြူကောင်ရဲ့
မင်းက ဘာများလုပ်နိုင်လို့လဲ"

"နောက်တစ်ခါငါ့ကိုအဲ့လိုထပ်ခေါ်ရင် မင်းရဲ့ကောက်ကွေးနေတဲ့ ဆံပင်တွေ အကုန်ပြောင်မယ်မှတ်!"

"အဟား
ParkJimin တို့ သိပ်စွာတာပဲ"

"တောက်!မင်း! "

လက်သီးဆုပ်ပြီး
အံတင်းတင်းကြိတ်ထားတဲ့
ဖြူဥဥကောင်လေးကြောင့် TaeHyung ရီချင်စိတ်ကို
မနည်းထိန်းထားရသည်။
ဒေါသကြောင့် ပါးနှစ်ဖက်က
ခပ်ရဲရဲဖြစ်နေပြီး
မျက်လုံးတွေကတော့
သူ့စာအုပ်စွန်းလေး 2 cm ခန့် အနည်းငယ်ကျော်နေတဲ့ မျဥ်းကို စိုက်ကြည့်နေရာက တစ်ချက်မရွေ့။ပိုကိုပိုလွန်းသည်။

ဒီမျဥ်းက ရာဇဝင်နဲ့လေ။
ဖြစ်ပုံကဗျာ...
ဒီ ParkJimin ဆိုတဲ့ ကျောင်းသားသေးသေးလေးက ဒီစာသင်နှစ်မှပြောင်းလာတာ။
လူကောင်ကသာ
ခပ်သေးသေးပေမယ့်
သောက်ရမ်းကို
ကြီးကျယ်​သောပဲ။
အသစ်လေးဆိုပြီး ခုံမှာလည်း တူတူခေါ်ထိုင်ရသေးတယ်။
စာရေးနေရင်း ကျွန်တော့်လက်တွေ သူ့ဘက် နည်းနည်းလေးတောင် ရွှေ့မိလို့မရ။

တစ်ခါများဆိုဗျာ
နည်းနည်းလေးတိုးမိလိုက်တာ
သူ့လက်ရေးစွေစောင်းသွားလို့ဆိုပြီး
အသေကိုအော်တာ။
ဆရာသမားက သူများကျောင်းမှာလည်း လာတက်သေး။
အချိုးကလည်းမပြေဘဲ
ကြီးကြီးကျယ်ကျယ်နဲ့။

အပိုင်းအစတစ်ချို့Where stories live. Discover now