<<<Part 10>>>

65 18 4
                                    

Part 10

ညမှောင်မှောင်အောက်
ဆံနွယ်တလွင့်လွင့်နှင့်စောင့်နေသောထိုလူသား
အို!တင့်တယ်ခြင်းကားသူနဲ့မှပိုသင်တင့်နေသယောင်

"Jung!"
အသံကားသိပ်အုပ်အုပ်နှင့်
သို့သော်ပတ်ဝန်းကျင်ကားတိတ်ဆိတ်နေသည်မို့ရှင်းလင်းစွာကြားရပါသည်

"အင်း Kim"

"ကြာပြီလား jung ကိုယ်နည်းနည်းအလုပ်များနေလို့"

"အင်း ပြောတော့kim ဘာလို့ငါ့ကိုရှောင်နေလဲ"

ထိုသို့စိတ်ဆိုးနေသောရှဥ့်ပေါက်စတစ်ကောင်နှယ်
နှုတ်ခမ်းဆူစွာပြောလာပါသော jung ငယ်ကြောင့်
kim ဟာခပ်ဖွဖွရီမိသည်။ရီလိုက်သည်မို့ထင်မျက်စောင်းထိုသွားသူ အလို! ရင်ထဲကတူရိယာသံကားမြိုင်ဆိုင်စွာတီးခတ်လာပြန်ပေ။

"အင်းပြောရမယ်ဆို Jung
ကိုယ်လည်းစစ်ဆေးပြီးပါပြီ
စမ်းသပ်လည်းပြီးပြီ
အရှင်းဆုံးနဲ့လိုရင်းဘဲပြောမယ်
ချစ်မြတ်နိုးပါတယ် Jung ငယ် ဒီထက်ဖော်ပြလို့ရမယ့်စကားရှိရင်ကိုယ်ပြောချင်ပါတယ် jung ငယ်"

"Kim! ဟင့်အင့်"

"Jung...Jungငယ် ဘာလို့ငိုနေတာလဲ"

"ငါလည်းမင့် မင်းကိုချစ်တယ် Kim"

"ရိပ်မိပါတယ် jung"

"ငါတို့အခုအချင်းချင်းချစ်မိပြီးချစ်သူတွေဖြစ်နေပြီ Kim
ဒါဒါပေမယ့်ငါတို့ချစ်ခြင်းကလေ လောကနိယာမကိုဆန့်ကျင်နေတယ်မလား kim
ငါငါတို့..."

"ချစ်နေရင်ရပြီဘဲလေJung"

စကားအဆုံးရင်ခွင်ထဲပစ်ဝင်လာပါသော jungကြောင့် kimဟာလည်းမျက်ရည်များကြားမှပြုံးလျက်

ထိုမြင်ကွင်းအားမြင်လိုက်ရသူတစ်ဦးနှလုံးသားကနာကျင်နေသော်ငြားချစ်မိသောသူပျော်ရင်ရပြီဆိုပြီးလှည့်ပြန်ခဲ့သူရှိသလို

ထိုမြင်ကွင်းကြောင့်ပင်အပြောင်းအလဲကိုဖြစ်အောင်ပုံဖော်မည့်သူဟာလည်းကောက်ကျစ်သောအကြံတို့ဖြင့်ကြံစည်လျက်
......................................................................

"တကယ်လားအစ်ကို ညနေကသခင်လေးပြောတာအဲ့လိုမဟုတ်ပါဘူး
bi hyung ကိုအရေးကြီးပြောစရာရှိလို့ဆိုပြီး.."

KIM & JUNG (Ongoing)Where stories live. Discover now