<<<Part 8>>>

59 20 4
                                    

<Part 8>

အိမ်ရှေ့စံတင်မြှောက်ဖို့ဆိုသည့်
မင်းကြီး၏စကားကြောင့်
​စစ်သူကြီးအံ့အားသင့်သွားရသည်။

"မင်းကြီး အချိန်တွေကမစောလွန်းပါဘူးလား"

"မစောဘူးစစ်သူကြီး ပြီးတော့...

...........................................................

"Kim!!!"

ဆောင့်အောင့်ကာခေါ်လိုက်သောအသံငယ်ကိုကြားလိုက်ရသည်နှင့်
​စူထွက်လာသောနှုတ်ခမ်းပါးတို့အားအနောက်လှည့်၍မကြည့်ပါဘဲ kim ဟာတပ်အပ်ကိုမြင်ယောင်မိသည်
လှမ်းတော့မည့်ခြေလှမ်းကိုရပ်ကာနောက်လှည့်ကြည့်သည့်အခါ အကွာအဝေးနီးကပ်စွာလာရပ်ပါသောမင်းသားငယ်ကြောင့်kimဟာရင်တုန်ရသည်။ အကြောင်းရင်းကားမင်းသားတစ်ပါးနှင့်နီးကပ်နေသောကြောင့်မဟုတ် ချစ်မိနေသောနှလုံးသားကားထိန်းမရတော့ခြင်း။
Kimကjungထက်အရပ်အနည်းငယ်ပိုရှည်သည်မို့ ရင်ခွင်ထဲတွင်လုံခြုံအောင်ဖုံးဖက်ထားလို့ရပါသည်။

သခင်ကိုတွေ့သည့်ကျားပေါက်သဖွယ်ခုန်လာသောနှလုံးသားအားအသာအယာဖိလျက်စကားပြန်ပြောလိုက်သည်။

" ဘာ ကိစ္စရှိပါလို့လဲမင်းသား"

"Kim ဘာလို့ငါ့ကိုရှောင်နေတာလဲ ဘာလဲမင်းကအရင်လိုငါ့ကိုမခင်တော့ဘူးလား"
ခင်တာထက်ပိုတယ်ပြောပေးရန်ကြိတ်၍ဆုတောင်းနေသောမင်းသားငယ်

"အင်း မခင်တော့ဘူး ဒါပေမယ့်အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းရှိတယ်
လာမယ့်လပြည့်ညကျရင်အရှေ့ဘက်ဥယျာဥ်တော်ထဲလာခဲ့ပါကိုယ်ပြောပြပါမယ်"

"အွန်းကောင်းပြီလေ ပြောပြီးသားကိုတည်ပါစေ Kim"

နှာတစ်ချက်မှုတ်သံသဖွယ် သက်ပြင်းဖွသံလေးနှင်ချာကနဲလှည့်ပြန်သွားသောသူအား Kim အချစ်ပိုရပါသည်။

ဟုတ်သည် သူရှောင်နေသည် အဘယ်ကြောင့်ဆိုသော်ပြန်ဆန်းစစ်နေခြင်း
မချစ်ဘဲစိတ်ကစားခြင်းလား?တကယ်ကိုချစ်မိသွားတာလား?

သူ့ရှေ့ရောက်မှစတင်လှုပ်ရှားလာရသောနှလုံးသား
သူ၏နာမအားကြားလိုက်သည်နှင့်နွေးထွေးလာတဲ့ရင်အစုံ
သူ့နှင့်ပက်သက်သောအရာများအားလုံးကားမိမိအတွက်ချစ်ဖို့ကောင်းနေခြင်း။
ဟုတ်ပြီ jungငယ် မင်းဘက်ကလက်ခံဖို့ဘဲပြင်ထားပါ
ကိုယ်ကမင်းကိုချစ်ကြောင်းသက်သေပြသွားမှာမို့။

KIM & JUNG (Ongoing)Where stories live. Discover now